Honor စမတ်ဖုန်း လုပ်ငန်းကို ရောင်းလိုက်ပြီလို့ သတင်းထွက်လာပြီးနောက်မှာ Huawei က ဒီသတင်းကို အတည်ပြုလိုက်ပါပြီ။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုတွေဟာ Huawei  ကို အထိနာစေတာကြောင့် အခုလို ရောင်းချလိုက်တာပါ။

honor logo

Honor ရဲ့ ပိုင်ရှင် အသစ်က Shenzhen Zhixin New Information Technology Co., Ltd ဖြစ်လာပြီး Huawei က အပြီးအပြတ် ရောင်းချပေးလိုက်တာပါ။ သုံးစွဲသူတွေ၊ Suppliers တွေ၊ ပါတနာတွေနဲ့ ဝန်ထမ်းတွေ အကျိုးစီးပွား မထိခိုက်အောင် ကာကွယ်ပေးမယ်လို့ စာချုပ်မှာ သဘောတူထားကြပါတယ်။ Honor ရဲ့ အကြီးတန်း စီမံခန့်ခွဲမှု အရာရှိတွေဟာ ပိုင်ရှင် အသစ်ဆီမှာ ဆက်လက် အလုပ်လုပ်ကြမှာပါ။

Buy Honor 30 Pro + - Kirin 990 5G - 8GB/256GB - Periscope Camera

အေးဂျင့်နဲ့ ကုန်ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီ ၃၀ ကျော်ပါတဲ့ စီးပွားရေး လုပ်ငန်းစုကြီးက ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ Huawei ဟာ Honor မှာ ရှယ်ယာ လုံးဝ မပါတော့သလို Honor ရဲ့ ဘုတ်အဖွဲ့မှာလည်း မပါတော့ပါဘူး။

ထရမ့် အစိုးရ လက်ထက်မှာ Huawei ဟာ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေ Huawei နဲ့ အလုပ်တွဲလုပ်တာကို တားမြစ်ခဲ့ပါတယ်။ အဲဒီအတွက် Huawei နဲ့ Honor တို့ဟာ အမေရိကန်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အသုံးပြုလို့ မရတော့ပါဘူး။ Qualcomm ရဲ့ Chip နဲ့ Google ရဲ့ ဆော့ဖ်ဝဲတွေ မပါတော့တဲ့အတွက် Huawei ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အနောက်နိုင်ငံတွေမှာ ရောင်းအားကျလာခဲ့ပါတယ်။

Ref : gsmarena