Unicode
အခု ၂၀၂၀ ဇန်နဝါရီလကုန်ခါနီးအချိန်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ စမတ်ဖုန်းစျေးကွက်ရောင်းအားတွေကို Strategy Analytics ၊ Counterpoint Research နဲ့ Canalys တို့က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်အတွက် စမတ်ဖုန်းစျေးကွက် ပထမနေရာကို Samsung ကပဲ ရယူထားပေမယ့် Huawei က Apple ကို ပြန်လည်ကျော်တက်ပြီး ဒုတိယနေရာရရှိခဲ့ပါတယ်။
အဆိုပါ Report တွေအရ Samsung ကနေ ၂၀၁၉ တစ်နှစ်လုံးအတွက် စမတ်ဖုန်းအလုံးရေ ၂၉၈.၁ သန်းရောင်းချခဲ့ရပြီးတော့ ပထမနေရာကို ရယူထားတာဖြစ်ပါတယ်။ ဒီပမာဏဟာ ၂၀၁၈ ခုနှစ်တုန်းက ရောင်းအားဖြစ်တဲ့ ၂၉၃.၃ သန်းထက် ပိုများခဲ့သလို စျေးကွက်ရှယ်ယာပိုင်ဆိုင်မှုမှာလည်း ၂၁.၁ ရာခိုင်နှုန်းကနေ ၂၁.၈ ရာခိုင်နှုန်းကို တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်ကနဲ့ယှဥ်ရင် ၂ ရာခိုင်နှုန်းပဲ ပိုပြီး တိုးတက်လာပါ။
Huawei အတွက်ကတော့ မနှစ်တုန်းက ရောင်းအားဖြစ်တဲ့ စမတ်ဖုန်း ၂၀၆ သန်းကနေ ဒီနှစ်မှာ ၂၄၀.၆ သန်းအထိ ရောင်းအားတိုးတက်လာခဲ့ပြီး စျေးကွက်ရှယ်ယာပိုင်ဆိုင်မှုကလည်း ၁၄.၈ ရာခိုင်နှုန်းကနေ ၁၇.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် Huawei က တိုးတက်မှုအများဆုံးကုမ္ပဏီလို့တောင် ပြောနိုင်ပါတယ်။
Apple ကတော့ ပြီးခဲ့တဲ့နှစ်မှာ iPhone XR နဲ့ iPhone 11 Series တွေရောင်းအားကောင်းခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကထက် ပိုပြီး ကျဆင်းသွားတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက စမတ်ဖုန်းအလုံးရေ ၂၁၂.၂ သန်း ရောင်းချရတာကနေ ၁၉၈.၁ သန်းပဲ ရောင်းချနိုင်ခဲ့သလို စျေးကွက်ရှယ်ယာပိုင်ဆိုင်မှုကလည်း ၁၅.၃ ရာခိုင်နှုန်းကနေ ၁၄.၅ ရာခိုင်နှုန်းအထိ ကျဆင်းလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်ကထက် ၇ ရာခိုင်နှုန်းခန့် တိုးတက်မှုနှုန်းကျဆင်းသွားခဲ့ပါတယ်။
Huawei က ယခင်တုန်းကလည်း Apple ကို ကျော်တက်လိုက်၊ ပြန်ပြီး တတိယနေရာရောက်ရှိလိုက်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ကျော်တက်နိုင်ခဲ့တယ်ဆိုပေမယ့် လာမယ့် ၂၀၂၀ အတွင်းမှာတော့ iPhone 9 လိုမျိုး Budget iPhone အပြင် iPhone 11 Series တွေရဲ့ ရောင်းအားလည်းရှိနေတဲ့အတွက် ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။
ဘာပဲဖြစ်ဖြစ် Google အပါအဝင် US အစိုးရရဲ့ ပိတ်ဆို့မှုတွေအောက်မှာ ဒီလိုမျိုး စျေးကွက်ဒုတိယနေရာကို ရရှိထားတာကတော့ Huawei ကို ချီးကျူးရမှာဖြစ်ပါတယ်။
Ref – The Verge
Zawgyi
အခု ၂၀၂၀ ဇန်နဝါရီလကုန်ခါနီးအချိန်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ စမတ်ဖုန်းဈေးကွက်ရောင်းအားတွေကို Strategy Analytics ၊ Counterpoint Research နဲ့ Canalys တို့က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်အတွက် စမတ်ဖုန်းဈေးကွက် ပထမနေရာကို Samsung ကပဲ ရယူထားပေမယ့် Huawei က Apple ကို ပြန်လည်ကျော်တက်ပြီး ဒုတိယနေရာရရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် Google အပါအဝင် US အစိုးရရဲ့ ပိတ်ဆို့မှုတွေအောက်မှာ ဒီလိုမျိုး ဈေးကွက်ဒုတိယနေရာကို ရရှိထားတာကတော့ Huawei ကို ချီးကျူးရမှာဖြစ်ပါတယ်။
Ref – The Verge