ပြီးခဲ့တဲ့လပိုင်းမှာ Huawei ဟာ Y6p နဲ့ Y8s အပါအဝင် Mid-range တန်း စမတ်ဖုန်းအချို့ကို မိတ်ဆက်ခဲ့ပါတယ်။ နောက်ထပ်လည်း Huawei P Smart S လို့အမည်ပေးထားတဲ့ ဘတ်ဂျက်စမတ်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်လာဖို့ရှိနေပြီး လက်ရှိဈေးကွက်ထဲက Huawei P Smart ရဲ့ Upgrade လုပ်ထားတဲ့ ဗားရှင်း ဖြစ်မယ်လို့ ယူဆရပါတယ်။

P Smart S ရဲ့ မိတ်ဆက်ရက်အပါအဝင် အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် Leakster တွေကြောင့် တရားဝင် Render လို့ယူဆရတဲ့ ပုံရိပ်တွေကို ယနေ့မြင်တွေ့ရပါပြီ။

အခုမြင်ရတဲ့ပုံတွေကိုကြည့်ရင် Huawei P Smart S ဟာ ရှေ့ဘက်မှာ မျိုးဆက်ဟောင်းအတိုင်း Dewdrop Notch ဒီဇိုင်းကို ဆက်လက်သယ်ဆောင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Display အရွယ်အစားက P Smart ရဲ့ 6.21” အတိုင်း ပြန်ထွက်လာဖို့တော့ မသေချာပါဘူး။

နောက်ဘက်မှာတော့ ဆေးတောင့်ရှည်ပုံစံ Camera Module အပိုင်းကိုမြင်ရပြီး အတွင်းမှာ Triple-camera ကို LED Flash တစ်ခုနဲ့တွဲထားပါတယ်။ Huawei P Smart တုန်းကတော့ နောက်မှာ Dual-cam သာပါခဲ့တာပါ။ P Smart S ရဲ့ အဓိကကင်မရာကလည်း 48MP အထိ ပါဝင်လာနိုင်ပြီး မျိုးဆက်ဟောင်းမှာ 13MP သာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ P Smart S ရဲ့ အချက်အလက်တွေကို သိပ်မသိရသေးပေမယ့် သူ့မှာ Kirin 710 သို့မဟုတ် MediaTek ရဲ့ “P” စီးရီး ချစ်ပ်ဆက်ကို အသုံးပြုလာနိုင်ပါတယ်။ အခုပုံတွေနဲ့အတူ Huawei P Smart S ရဲ့ အရောင်သုံးမျိုးကိုလည်း သိခွင့်ရခဲ့ပြီး Emerald Green, Breathing Crystal နဲ့ Midnight Black လို့ခေါ်တွင်မှာပါ။

Ref – Playful Droid