ဒေသတွင်း Carrier ဖြစ်တဲ့ Fido ရဲ့ ဖောက်သည် ၁ ယောက်က Huawei P20 အတွက် Android 10 အခြေပြု EMUI 10 ရပြီလို့ သတင်းပေးလိုက်ပါတယ်။ Huawei P20 ကို စတင် ရောင်းချချိန်က Android 8.1 Oreo ထည့်ထားခဲ့ပြီး အခုဆိုရင် ဒုတိယမြောက် Major OS Update ကို ရရှိသွားတာပါ။ ၂၀၁၇ ခုနှစ်ထုတ် စမတ်ဖုန်းတွေ ဖြစ်တဲ့ Huawei P20 Pro နဲ့ Mate 10 တို့အတွက် Android 10 Update ကို ပြီးခဲ့တဲ့ ၁ လလောက်က စတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး အခုတော့ P20 အလှည့်ကို ရောက်လာတာပါ။

Huawei P20 အတွက် Update ရဲ့ အရွယ်အစားဟာ 4.6GB လောက်ရှိပြီး GPU Turbo ပါလာတဲ့အတွက် စမတ်ဖုန်းဟာ မြန်ဆန်သွက်လက်လာမှာပါ။ UI တွေကို ဆန်းသစ်ထားပြီး လုံခြုံရေး လုပ်ဆောင်ချက် အသစ်တွေ ထည့်ထားပါတယ်။ Android 10 ရဲ့ System-wide Dark Mode နဲ့ One-time Location Permission အပါအဝင် လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

Android 10 အခြေပြု EMUI Version ဟာ 10.0 ဖြစ်သွားပြီး EMUI 10.1 ရမယ့် စမတ်ဖုန်း စာရင်းထဲမှာတော့ Huawei P20 မပါလာတော့ပါဘူး။ အဲဒီအတွက် ၂၀၁၈ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းရဲ့ Android Update ဟာ ဒီမှာတင် ပြီးဆုံးသွားပြီလို့ ထင်ရပါတယ်။

Ref : gsmarena