Huawei ဟာ လက်ရှိ EMUI 10 ကို စမတ်ဖုန်းတွေအများအပြားအတွက် ထုတ်ပေးထားပြီးဖြစ်ပေမယ့်လည်း Huawei P20 Series စမတ်ဖုန်းတွေအတွက်တော့ တရုတ်နိုင်ငံတွင်းမှာပဲ Update ထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံပြင်ပ Global Version ဖုန်းတွေမှာတော့ EMUI 10 Update ကိုအခုထိ Update ပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါ Huawei P20 Series ဖုန်းတွေအတွက် EMUI 10 Update ဟာ ပြီးခဲ့တဲ့ မတ်လကုန်ဝန်းကျင်ထဲက ထုတ်ပေးသွားဖို့ စီစဥ်ထားတာဖြစ်ပြီး Huawei အနေနဲ့ နောက်ကျနေတာလည်းဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ အခုမှ Huawei ကနေ P20 Series ဖုန်းတွေဖြစ်တဲ့ Huawei P20 နဲ့ P20 Pro အတွက် EMUI 10 ကို တရုတ်နိုင်ငံပြင်ပအတွက်ပါ Update ထုတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ အဆိုပါ EMUI 10 Update ဟာ Asian Region အတွက် အရင်ဆုံးရရှိမှာဖြစ်ပြီး နောက်ရက်ပိုင်းလောက်နေမှ Europe နဲ့ တခြားသော Region တွေမှာ Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ EMUI 10 Update Version ဟာ 10.0.0.160 လို့ သိရပြီးတော့ Download ပြုလုပ်ရမယ့် File Size အနေနဲ့ကတော့ 4.71GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

Huawei P20 Series တွေအတွက် EMUI 10 Update ဟာ Android 10 ကို အခြေခံထားတာဖြစ်တဲ့အတွက် System-wide Dark Mode ၊ Location Privacy Feature အသစ်တွေအပြင် တခြားသော Feature တွေအများအပြားလည်းပါဝင်လာမှာဖြစ်ပါတယ်။ Update ရမရသိချင်တယ်ဆိုရင်တော့ Settings – System – Software Updates ကနေ စစ်ဆေးကြည့်နိုင်မှာဖြစ်ပါတယ်။

Ref – Giz China