Unicode

Huawei ကနေ အခုနောက်ပိုင်းမှာ သူ့ရဲ့ စမတ်ဖုန်းတွေကို နောက်ဆုံး EMUI Update ဖြစ်တဲ့ EMUI 10 ကို ဆက်တိုက် Update လုပ်ပေးနေပြီးတော့ အခုလည်း Huawei P30 Lite ဖုန်းအတွက် EMUI 10 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

ဒီ Huawei P30 Lite အတွက် EMUI 10 Update ဟာ Android 10 ကို အခြေခံလာတာဖြစ်သလို Feature အသစ်တွေလည်း အများအပြားပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Update ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Flagship ဖုန်းတွေဖြစ်တဲ့ Huawei P30 Pro နဲ့ Huawei P30 ဖုန်းတွေအတွက် EMUI 10 Update ရရှိပြီး နောက်ပိုင်းထွက်ရှိလာတာပါ။

ဘာပဲဖြစ်ဖြစ် Huawei P30 Lite လိုမျိုး Mid Range ဖုန်းတစ်ခုအနေနဲ့ အခုလိုမျိုး Android 10 ကို Update လုပ်နိုင်တာကတော့ အားသာချက်တစ်ခုလို့ ပြောနိုင်ပြီးတော့ File Size အနေနဲ့ 3.82 GB အထိ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီ Update နဲ့အတူ System-wide Dark Mode ၊ Improved Performance ၊ Round Icon အသစ်တွေနဲ့ တချို့သော Market တွေမှာ HiCar Feature ပါ ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei P30 Lite အသုံးပြုနေတဲ့သူတွေအနေနဲ့ အခုပဲ Setting – System – Software Updates ကနေ Download ပြုလုပ်နိုင်မှာပါ။

Ref – GSM Arena

Zawgyi





Ref – GSM Arena