Huawei က စွမ်းဆောင်ရည်မြင့် P30 Pro ကို ရောင်းချပေးထားပါတယ်။ အခုတော့ P30 Pro New Edition ကို မကြာခင် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Huawei Germany Website က အဲဒီဖုန်းကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ၇၄၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၁ သိန်းလောက်ကျသင့်မှာ ဖြစ်ပြီး ကြိုတင်မှာယူသူတွေအတွက် Huawei FreeBuds 3 နဲ့ Mini Speaker ရရှိမှာပါ။ Huawei Watch GT 2 ကိုပါ တွဲဝယ်ယူမယ်ဆိုရင် ၉၉ ယူရိုနဲ့  ရရှိမှာဖြစ်ပြီး မြန်မာငွေ ၁ သိန်းခွဲလောက်ရှိမှာပါ။

မေလ ၃၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Huawei P30 Pro New Edition အတွက် ထူးခြားတာက Silver Frost အရောင်အသစ် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ အရောင်ကို P40 Pro အတွက်လည်း ထုတ်လုပ်ပေးထားပါတယ်။ ဒါ့အပြင် P30 Pro New Edition အတွက် Black နဲ့ Aurora အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။

P30 Pro New Edition ဟာ Specs အပိုင်းမှာ P30 Pro နဲ့ တူပြီး Google Services နဲ့ Apps တွေ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena