[Unicode]

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Huawei P40 နဲ့ P40 Pro တို့ရဲ့ Dark Render တွေ စတင်ပြီး ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Huawei ရဲ့ P40 series နဲ့ပတ်သက်ပြီး သတင်းတွေက ပိုထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ဒီ P40 တွေရဲ့ ကင်မရာအရေအတွက်နဲ့ စွမ်းဆောင်ရည်ပိုင်းသတင်းတွေ ဖြစ်ပါတယ်။

P40 Pro မှာ စုစုပေါင်း ကင်မရာ ခုနစ်လုံး ပါဝင်လာမယ်လို့ သတင်းထွက်ထားသလို P40 ကလည်း ကျောဘက်မှာ 64MP Sony IMX686 အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံးပါဝင်မယ်လို့ သတင်းထွက်ထားတာပါ။ ဒါပေမယ့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်တစ်ခုကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Huawei P40 ရဲ့ ကျောဘက်ကင်မရာအိမ်တည်ဆောက်ထားရာမှာ ကင်မရာသုံးလုံးအတွက် အပေါက်သုံးပေါက်သာ တွေ့မြင်ရပါတယ်။

လက်ရှိမြင်တွေ့ရတဲ့ဓါတ်ပုံအရ P40 ရဲ့ ကင်မရာအကြောင်း အသေးစိတ်မသိနိုင်သေးပေမယ့် P30 ထက်တော့ နည်းသွားမှာမဟုတ်တာ သေချာပါတယ်။ ပြီးခဲ့တဲ့မျိုးဆက်တုန်းက LED ဖလက်ရှ်နဲ့ လေဆာထုတ်လွှတ်မှု၊ လက်ခံမှုတို့ကို တစ်စုတစည်းတည်းမထားဘဲ အပြင်မှာထားခဲ့ပေမယ့် အခုဓါတ်ပုံအရ ကင်မရာအိမ်မှာ အပေါက်များစွာတွေ့မြင်ရခြင်းကြောင့် အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းထားလိုက်ပြီလို့ ဆိုရမှာပါ။

ဒီလိုစုဖွဲ့ပုံမျိုးက Honor V30 Pro နဲ့ နည်းနည်း ဆင်တယ်လို့ ဆိုနိုင်ပါတယ်။ Modules အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းတွက်ချက်မှုပဲ ပြုလုပ်နိုင်သေးပေမယ့် Dark Render တွေနဲ့ ပြန်ချိန်ညှိလိုက်ရင်တော့ P40 မှာ ကျောဘက်ကင်မရာ အနည်းဆုံး သုံးလုံး ပါဝင်လာမှာ သေချာတယ်လို့ပဲ ဆိုရမှာပါ။

Ref: GSM Arena

[Zawgyi]

Huawei P40 မွာ ေက်ာဘက္ကင္မရာ သုံးလုံးပဲပါလာမွာလား

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက Huawei P40 နဲ႔ P40 Pro တို႔ရဲ႕ Dark Render ေတြ စတင္ၿပီး ထြက္ေပၚခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ Huawei ရဲ႕ P40 series နဲ႔ပတ္သက္ၿပီး သတင္းေတြက ပိုထြက္လာခဲ့ပါတယ္။ အထူးသျဖင့္ ဒီ P40 ေတြရဲ႕ ကင္မရာအေရအတြက္နဲ႔ စြမ္းေဆာင္ရည္ပိုင္းသတင္းေတြ ျဖစ္ပါတယ္။

P40 Pro မွာ စုစုေပါင္း ကင္မရာ ခုနစ္လုံး ပါဝင္လာမယ္လို႔ သတင္းထြက္ထားသလို P40 ကလည္း ေက်ာဘက္မွာ 64MP Sony IMX686 အဓိကကင္မရာအပါအဝင္ ကင္မရာေလးလုံးပါဝင္မယ္လို႔ သတင္းထြက္ထားတာပါ။ ဒါေပမယ့္ ထုတ္လုပ္ေရးလုပ္ငန္းစဥ္တစ္ခုကေန ေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပုံအရ Huawei P40 ရဲ႕ ေက်ာဘက္ကင္မရာအိမ္တည္ေဆာက္ထားရာမွာ ကင္မရာသုံးလုံးအတြက္ အေပါက္သုံးေပါက္သာ ေတြ႕ျမင္ရပါတယ္။

လက္ရွိျမင္ေတြ႕ရတဲ့ဓါတ္ပုံအရ P40 ရဲ႕ ကင္မရာအေၾကာင္း အေသးစိတ္မသိႏိုင္ေသးေပမယ့္ P30 ထက္ေတာ့ နည္းသြားမွာမဟုတ္တာ ေသခ်ာပါတယ္။ ၿပီးခဲ့တဲ့မ်ိဳးဆက္တုန္းက LED ဖလက္ရွ္နဲ႔ ေလဆာထုတ္လႊတ္မႈ၊ လက္ခံမႈတို႔ကို တစ္စုတစည္းတည္းမထားဘဲ အျပင္မွာထားခဲ့ေပမယ့္ အခုဓါတ္ပုံအရ ကင္မရာအိမ္မွာ အေပါက္မ်ားစြာေတြ႕ျမင္ရျခင္းေၾကာင့္ အားလုံးကို တစ္စုတစ္စည္းတည္း ေပါင္းစည္းထားလိုက္ၿပီလို႔ ဆိုရမွာပါ။

ဒီလိုစုဖြဲ႕ပုံမ်ိဳးက Honor V30 Pro နဲ႔ နည္းနည္း ဆင္တယ္လို႔ ဆိုႏိုင္ပါတယ္။ Modules အေရအတြက္နဲ႔ ပတ္သက္ၿပီးေတာ့ ခန႔္မွန္းတြက္ခ်က္မႈပဲ ျပဳလုပ္ႏိုင္ေသးေပမယ့္ Dark Render ေတြနဲ႔ ျပန္ခ်ိန္ညႇိလိုက္ရင္ေတာ့ P40 မွာ ေက်ာဘက္ကင္မရာ အနည္းဆုံး သုံးလုံး ပါဝင္လာမွာ ေသခ်ာတယ္လို႔ပဲ ဆိုရမွာပါ။

Ref: GSM Arena