[Unicode]

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက Huawei P40 စီးရီးအကြောင်းသတင်းတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်ပေါ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ကတော့ P40 Pro ရဲ့ ပထမဆုံး ပကတိဓါတ်ပုံထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် P40 Pro ရဲ့ Render ပုံရိပ် အသစ်က နောက်ထပ် ထွက်ပေါ်လာပါသေးတယ်။

ဒီတစ်ခါထွက်ပေါ်လာတဲ့ P40 Pro ရဲ့ Render ပုံရိပ်ဟာ Mint green အရောင်နဲ့ ဖြစ်ပါတယ်။ ပုံစံကတော့ Evan Blass (evaleaks) ကဖော်ပြခဲ့တဲ့ပုံစံနဲ့ အတူတူပါပဲ။ အရောင်ပဲကွဲသွားတာပါ။ Huawei ဟာ P Series Flagship သစ်သုံးမျိုးကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားတယ်ဆိုတာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သိခဲ့ရတာပါ။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Huawei P40, Huawei P40 Pro နဲ့ Huawei P40 Pro Premium ဆိုပြီး အမျိုးအစားသုံးမျိုး ခွဲခြားထုတ်လုပ်သွားမယ်လို့ ယုံကြည်ရပါတယ်။ ဒီသုံးမျိုးကြား အဓိက ကွာခြားချက်က ကျောဘက်ကင်မရာအရေအတွက်လို့ ဆိုပါတယ်။

Huawei P40 Pro Premium အမျိုးအစားဟာ ကျောဘက်မှာ ဆင်ဆာ ၅ ခုထိ တပ်ဆင်ထားမှာဖြစ်ပြီး၊ P40 pro ကတော့ ကျောဘက်ကင်မရာ ၄ လုံးတပ်ဆင်ထားမယ်လို့ သတင်းထွက်ထားပါတယ်။ အဓိကကင်မရာဟာ 52MP 1/1.3-inch sensor နဲ့ 16-in-1 Quad Quad Bayer filter တပ်ဆင်ထားမယ်လို့ သိရပါတယ်။

အခြားအမျိုးအစားတွေအဖြစ် (1/1.5-inch sensor) နဲ့ 40MP cine ကင်မရာ၊ 10x optical zoom နဲ့ 8MP periscope module, 3D ToF sensor ဒါမှမဟုတ် Macro cam တို့ ပါဝင်မယ်လို့လည်း ဆိုပါတယ်။ Huawei ရဲ့ P40 lineup ဟာ လာမယ့် မတ်လအတွင်းမှ တရားဝင်မိတ်ဆက်လာဖွယ်ရှိတာကြောင့် အသေးစိတ်အချက်အလက်တွေ ထပ်ပြီးထွက်ပေါ်လာတာကို စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Mint Green အေရာင္သစ္နဲ႔ Huawei P40 pro ရဲ႕ Render ႐ုပ္ပုံထပ္မံထြက္ေပၚလာ

လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကတည္းက Huawei P40 စီးရီးအေၾကာင္းသတင္းေတြ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ထြက္ေပၚေနခဲ့တာပါ။ ၿပီးခဲ့တဲ့ရက္ေကတာ့ P40 Pro ရဲ႕ ပထမဆုံး ပကတိဓါတ္ပုံထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ P40 Pro ရဲ႕ Render ပုံရိပ္ အသစ္က ေနာက္ထပ္ ထြက္ေပၚလာပါေသးတယ္။

ဒီတစ္ခါထြက္ေပၚလာတဲ့ P40 Pro ရဲ႕ Render ပုံရိပ္ဟာ Mint green အေရာင္နဲ႔ ျဖစ္ပါတယ္။ ပုံစံကေတာ့ Evan Blass (evaleaks) ကေဖာ္ျပခဲ့တဲ့ပုံစံနဲ႔ အတူတူပါပဲ။ အေရာင္ပဲကြဲသြားတာပါ။ Huawei ဟာ P Series Flagship သစ္သုံးမ်ိဳးကို ထုတ္လုပ္ေရာင္းခ်ဖို႔ စီစဥ္ထားတယ္ဆိုတာ ၿပီးခဲ့တဲ့တစ္ပတ္ကတည္းက သိခဲ့ရတာပါ။

တ႐ုတ္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ Huawei P40, Huawei P40 Pro နဲ႔ Huawei P40 Pro Premium ဆိုၿပီး အမ်ိဳးအစားသုံးမ်ိဳး ခြဲျခားထုတ္လုပ္သြားမယ္လို႔ ယုံၾကည္ရပါတယ္။ ဒီသုံးမ်ိဳးၾကား အဓိက ကြာျခားခ်က္က ေက်ာဘက္ကင္မရာအေရအတြက္လို႔ ဆိုပါတယ္။

Huawei P40 Pro Premium အမ်ိဳးအစားဟာ ေက်ာဘက္မွာ ဆင္ဆာ ၅ ခုထိ တပ္ဆင္ထားမွာျဖစ္သလို၊ P40 pro ကေတာ့ ေက်ာဘက္ကင္မရာ ၄ လုံးတပ္ဆင္ထားမယ္လို႔ သတင္းထြက္ထားပါတယ္။ အဓိကကင္မရာဟာ 52MP 1/1.3-inch sensor နဲ႔ 16-in-1 Quad Quad Bayer filter တပ္ဆင္ထားမယ္လို႔ သိရပါတယ္။

အျခားအမ်ိဳးအစားေတြအျဖစ္ (1/1.5-inch sensor) နဲ႔40MP cine ကင္မရာ၊ 10x optical zoom နဲ႔ 8MP periscope module, 3D ToF sensor ဒါမွမဟုတ္ Macro cam တို႔ ပါဝင္မယ္လို႔လည္း ဆိုပါတယ္။ Huawei ရဲ႕ P40 lineup ဟာ လာမယ့္ မတ္လအတြင္းမွ တရားဝင္မိတ္ဆက္လာဖြယ္ရွိတာေၾကာင့္ အေသးစိတ္အခ်က္အလက္ေတြ ထပ္ၿပီးထြက္ေပၚလာတာကို ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSM Arena