Huawei ရဲ့ Flagship စမတ်ဖုန်းတွေဟာ P Series ပဲဖြစ်ဖြစ် Mate Series ဖုန်းတွေပဲဖြစ်ဖြစ် Camera ပိုင်းကို သေချာကိုအားစိုက်ထုတ်ထားတဲ့ဖုန်းတွေလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Huawei ရဲ့ Flagship ဖုန်းအသစ်ထွက်တိုင်းမှာ DxOMark လိုမျိုး Camera ပိုင်းကို တိုင်းတာတဲ့ Website တွေမှာ နံပါတ် (၁) နေရာကို ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Huawei ကနေ Huawei P40 Series ဖုန်းသစ်တွေကို မိတ်ဆက်ထားခဲ့ပြီးတော့ Launch Event မှာတော့ DxOMark ဘယ်လောက်ရရှိတယ်ဆိုတာကို ပြောကြားသွားခြင်းမရှိပါဘူး။ ဒါပေမယ့် DxOMark ကနေ အခုပဲ Huawei P40 Pro ဖုန်းရဲ့ DxOMark ရမှတ်ကို ကြေညာလိုက်ပါတယ်။

DxOMark ရဲ့ ကြေညာချက်အရတော့ Huawei P40 Pro ဖုန်းဟာ DxOMark မှာ စုစုပေါင်းရမှတ် ၁၂၈ မှတ်အထိ ရရှိခဲ့ပြီးတော့ နံပါတ် (၁) နေရာကို ပြန်လည်ရယူသွားပြီဖြစ်ပါတယ်။ တလောကအထိ DxOMark ရဲ့ နံပါတ် (၁) နေရာကို OPPO Find X2 Pro နဲ့ Xiaomi Mi 10 Pro တို့က စုစုပေါင်း ၁၂၄ မှတ်စီနဲ့ ရယူထားတာလည်းဖြစ်ပါတယ်။

Huawei P40 Series ဖုန်းတွေမှာ ကြီးမားတဲ့ 1/2.8″ 50MP Quad-Bayer Primary Sensor ကို အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပြီး Photography ပိုင်းမှာ ရမှတ် ၁၄၀ နဲ့ Video ပိုင်းမှာ ၁၀၅ မှတ်အထိရရှိထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ သိသိသာသာကိုပိုကောင်းလာပုံပါပဲ။

DxOmMark ရဲ့ ပြောကြားချက်အရတော့ Huawei P40 Pro ဖုန်းဟာ ဓါတ်ပုံပိုင်းမှာလည်း Lowlight ၊ Autofocus ၊ Dynamic Range ၊ Details ပိုင်းတွေမှာ အားရဖို့ကောင်းသလို Video ပိုင်းမှာလည်း လက်ရှိစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ Stabilization ပါဝင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် DxOMark အနေနဲ့ အခု P40 Pro ထက်ကောင်းတဲ့ 10x Optical Zoom ပါဝင်တဲ့ Huawei P40 Pro+ ဖုန်းကို မစမ်းသပ်ရသေးတဲ့အတွက် မကြာခင်မှာ နောက်ထပ် DxOMark နံပါတ် (၁) နေရာကို P40 Pro+ ကို လွှဲပေးရဦးမှာပါ။

Ref – Gizmo China