Unicode

လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားတော့မယ့် Galaxy S20 Series စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး သတင်းတွေဆက်တိုက်ပေါက်ကြားနေပေမယ့် Galaxy S20 Series ဖုန်းတွေနဲ့ အပြိုင် ထွက်ရှိလာမယ့် Huawei P40 Series ဖုန်းတွေအတွက်ကတော့ သတင်းတွေ အများအပြားပေါက်ကြားလာခြင်းမရှိသေးပါဘူး။

ဒါပေမယ့်အခုအချိန်မှာတော့ Huawei P40 Pro ရဲ့ Screen Protector လို့ ယူဆရတဲ့ ဓါတ်ပုံထွက်ပေါ်လာပြီး Display နဲ့ ပတ်သတ်တဲ့ ထူးခြားတဲ့သတင်းတစ်ခုကို သိလာခဲ့ရပါတယ်။ ဒါကတော့ Huawei P40 Pro ဖုန်းမှာ မနှစ်တုန်းက P30 Pro လိုမျိုး Notch ပါဝင်မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒီ Huawei P40 Pro ဖုန်းဟာ Galaxy S20 Series စမတ်ဖုန်းတွေလိုမျိုးပဲ Hole-punch Display ကိုလည်း အသုံးပြုလာမှာသေချာသွားပြီး ဘေးဘောင်တွေကလည်း အရမ်းကို ပါးလွှာနေတာကို တွေ့ရပါတယ်။ အောက်ပါ ပုံမှာတော့ ဘယ်ဘက်ဆုံးမှာ Huawei P30 Pro ၊ အလယ်မှာ P40 Pro နဲ့ ညာဘက်ခြမ်းမှာတော့ Honor Magic 2 ရဲ့ Screen Protector တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့လည်း Primary Sensor အနေနဲ့ 52MP 1/1.3″ Sensor ပါဝင်လာမှာဖြစ်ပြီး Quad-bayer နည်းပညာကြောင့် Default အနေနဲ့ 13MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ 13MP ဓါတ်ပုံတွေဟာ Effective Pixel Size အနေနဲ့ 1.92μm အထိရှိမှာဖြစ်တဲ့အတွက် လက်ရှိ 48MP Camera တွေရဲ့ ပျှမ်းမျှ 1.6μm Pixel Size ထက် သိသိသာသာကို ပိုကောင်းမှာဖြစ်ပါတယ်။

Huawei P40 Pro စမတ်ဖုန်းဟာ ဒီနှစ်မှာတော့ Premium Version အနေနဲ့ Samsung Galaxy S10+ ဖုန်းတွေလိုမျိုး Ceramic Version ၂ မျိုးကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒီ Huawei P40 Series ဖုန်းတွေကိုတော့ လာမယ့် မတ်လမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi






Ref – GSM Arena