Huawei Consumer Business ရဲ့ CEO ဖြစ်တဲ့ Yu Chengdong ရဲ့ ပြောကြားချက်အရ Huawei P40 Series စမတ်ဖုန်းတွေဟာ လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်အထိ Huawei ကနေ P40 Series စမတ်ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကို အတိအကျကြေညာထားခြင်းမရှိသေးပါဘူး။ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Huawei ကနေ P40 Series စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ယခုသတင်းဟာ Huawei ကနေ တရားဝင်ကြေညာတာမဟုတ်သေးတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်လည်း ဖြစ်နိုင်ခြေများပြားနေပြီး ယခင် Mate 30 Series ဖုန်းတွေလိုမျိုးပဲ တရုတ်နိုင်ငံစျေးကွက်ကို ဦးစားပေးရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားသော သတ်မှတ်ထားတဲ့စျေးကွက်တွေမှာ မိတ်ဆက်ပြီး ရက်ပိုင်းအတွင်း Google Services ပါဝင်ခြင်းမရှိတဲ့ Huawei Mobile Services (HMS) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

နေရာအနေနဲ့ကတော့ ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ ပဲရစ်မြို့မှာပဲပြုလုပ်သွားမှာဖြစ်ပြီးတော့ Huawei P40 Series ဖုန်းတွေဟာ Design ပိုင်းအပြင် Camera ပိုင်း ပြောင်းလဲမှုတွေအများအပြားရှိလာမှာပါ။

Huawei ကနေ P40 ၊ P40 Pro နဲ့ P40 Lite စမတ်ဖုန်း ၃ မျိုးကို မိတ်ဆက်သွားမှာဖြစ်ပြီး Display အနေနဲ့ Punch-hole Design ကို အသုံးပြုလာမှာဖြစ်ပါတယ်။ P40 နဲ့ P40 Pro ဖုန်းတွေမှာဆိုရင် Kirin 990 5G Chipset အပြင် P40 မှာ Triple Camera Setup နဲ့ P40 Pro ဖုန်းမှာ 64MP Primary Sensor + 20MP Ultra-wide Sensor + 8MP Telephoto Sensor + ToF Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei P40 Series စမတ်ဖုန်းတွေဟာ Samsung S20 Series ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်တဲ့အပြင် Google Mobile Services တွေပါဝင်ခြင်းမရှိတဲ့အတွက် စျေးနှုန်းကိုလည်း ယခင်ထက် လျော့ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Giz China