HUAWEI ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ P40 Series တွေဟာ လက်ရှိအချိန်မှာ အရွယ်အစား အကြီးဆုံး CMOS Sensor အသုံးပြုထားပြီး အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖန်တီးရိုက်ကူးနိုင်ရန် စွမ်းဆောင်ရည်အမြင့်မားဆုံး Cameras များနှင့် ပွဲထွက်လာခဲ့သည့်အပြင် စွမ်းဆောင်ရည်မြင့် 5G ကွန်ရက် နည်းပညာပါ ရရှိနိုင်မည်ဖြစ်သည်။

HUAWEI Consumer Business Group မှ မျိုးဆက်သစ် P40 Pro+ ၊ P40 Pro နဲ့ P40 စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ HUAWEI ရဲ့ အသစ်စက်စက် P40 Series Flagship တွေဟာ အသွင်သစ်နဲ့ လှပသော ဒီဇိုင်း၊ မြင်သူနှစ်ခါ ငေးရမယ့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှု နည်းပညာသစ်တွေ ထွေးပိုက်ထားပြီး Mobile Photography နဲ့ Video လုပ်ဆောင်နိုင်စွမ်းတွေမှာ နောက်ထပ် သမိုင်းမှတ်ကျောက်တင်မယ့် ထုတ်ကုန်သစ်တွေပဲဖြစ်ပါသည်။

ယခုကဲ့သို့ စွမ်းဆောင်နိုင်ဖို့အတွက် HUAWEI P40 Series များသည် စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှု အပိုင်းတွင် စဉ်ဆက်မပြတ် နာမည်ကောင်းရရှိခဲ့သည့် ယခင် P Series များ၏ အမွေအနှစ်များ ဆက်ခံထားသည်ကို တွေ့ရပြီး အလင်းရောင်အားနည်းသည့် အချိန်များတွင် အရည်အသွေးကောင်းမွန်သည့် ဓာတ်ပုံကောင်းတစ်ပုံ ရရှိနိုင်စေရန် Camera Sensor ပိုင်းကို 1/1.28” အရွယ်စားထိ ကြီးမားလာအောင် ထည့်သွင်းတည်ဆောက်ထားသည်။ Pixel Binning နည်းပညာနှင့် ပေါင်းစပ်ထားသည့် Pixel Size သည် 2.44μm ရှိလာသည့်အတွက် အလင်းဝင်အား ပိုမို ကောင်းမွန်လာခြင်းဖြစ်ပါသည်။ Zooming စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး Periscope Lens အသစ်က 10x True Optical Zoom ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။

HUAWEI P40 Series တွေမှာ Kirin 990 5G SoC အသုံးပြုထားပြီး ပိုမိုမြန်ဆန်သည့် 5G ကွန်ရက် ကို ချိတ်ဆက်အသုံးပြုနိုင်သည့် Wi-Fi 6 Plus နည်းပညာကိုပါ အသုံးပြုထားပါသည်။ ယခုကဲ့ကို ကင်မရာနဲ့ စွမ်းဆောင်ရည် ပိုင်းမှာ ပိုမိုကောင်းမွန်လာခြင်းသာမက ဒီဇိုင်းပိုင်းတွင်လည်း ဆွဲဆောင်မှုရှိနေအောင် ကျစ်ကျစ်လျစ်လျစ်နှင့် လှပသည့် ဒီဇိုင်းကိုယ်ထည်၊ OLED Curved Panel ကို လေးဖက် လေးတန် ကွေးညွတ်လှပနေစေရန်အတွက် HUAWEI Quad-curve Overflow Display နည်းပညာနှင့် ပုံဖော်ထားပါသည်။ ထို့ကြောင့် ဒီဇိုင်ပိုင်းမှာလည်း ပြောင်းလဲလာပြီး ၄ ဖက်ကွေး မျက်နှာပြင်တွေက တုံ့ပြန်အားကောင်းပြီး သုံးစွဲသူတွေအနေနဲ့ အမြင်အာရုံပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာပါ အတွေ့အကြုံကောင်းတွေ ရရှိစေရန် ဖန်တီးပေးထားခြင်းဖြစ်ပါသည်။

“HUAWEI ရဲ့ P Series ထုတ်ကုန်တွေဟာ အသစ်အသစ်သော နည်းပညာဖန်တီးမှုနဲ့ စမတ်ဖုန်းဖြင့် ကင်မရာရိုက်ကူးမှု အတွက် Premium Hardware တွေကို အချိုးတကျ ပေါင်းစပ်ထားတဲ့ စမတ်ဖုန်းတွေပါ။ နောက်တစ်မျိုး ပြောရရင် ဒီဇိုင်းပိုင်း နဲ့ နည်းပညာဖွံ့ဖြိုးမှုအပိုင်းမှာ အကောင်းဆုံးသော ထုတ်ကုန်တွေပါ။

Camera Sensor တွေဟာ စွမ်းဆောင်ရည် ကောင်းတဲ့အပြင် Leica နဲ့ ပူးတွဲ ဖန်တီးထားတယ်။ Kirin 990 5G လို စွမ်းဆောင်ရည်အရမ်း မြင့်မားတဲ့ Chipset အသုံးပြုထားပြီး HUAWEI XD Fusion Engine အသစ်တွေကြောင့် P40 Series တွေဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့တယ်။ သုံးစွဲသူတွေ အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဖန်တီးမှု အနုပညာ ခံစားသိမြင်လာစေဖို့ All-day Super Definition အတွေ့ကြုံသစ်နဲ့လည်း ပေါင်းစည်းထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ကြောင်း ” HUAWEI Consumer Business Group ရဲ့ အမှုဆောင်အရာရှိချုပ် “Richard Yu” မှ ပြောကြားသွားခဲ့ပါတယ်။

Huawei P40

Unprecedented Design
အသွင်သစ် ဒီဇိုင်းပိုင်းမှာဆိုရင် HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေဟာ HUAWEI ရဲ့ Quad-curve Overflow Display နဲ့ ဖွဲ့စည်းထားပါသည်။ လေးဖက်လေးတန် မျက်နှာပြင်ခုံး ဖြစ်လာတဲ့ ဒီဇိုင်းသည် တစ်နည်းအားဖြင့် ရေ၏တည်ငြိမ်သော ရွေ့လျားမှုကို နမူနာယူထားခြင်းဖြစ်သည်။ ဥပမာဆိုရသော် ရေအပြည့်ဖြည့်ထားသည့် ခွက်ပေါ်တွင်ရေ ရွှေ့လျားနေပုံနဲ့ ဆင်တူသည်။ စမတ်ဖုန်း၏ ဘောင်များက သေးငယ်သလို ကိုယ်ထည်ထောင့်နေရာတွေများတွင် လုံးလုံးဝန်းဝန်း ကျစ်ကျစ်လျစ်လျစ် ဖြင့် ကိုင်လို့ အဆင်ပြေအောင် ဖန်တီးထားပြီး P40 Series ကိုကြည့်လိုက်သည်နှင့် မျက်နှာပြည် အပြည့်ဖြစ်လုနီးပါး ဖြစ်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ Display နှင့် Design အလှမှာ သူမတူအောင် ဖန်တီးထားသလို Biometric Authentication အတွက် In-display Fingerprint Reader က ယခင်မျိုုးဆက် စမတ်ဖုန်းတွေထပ် 30% ပိုမိုလျှင်မြန်စွာ Unlock လုပ်ပေးနိုင်သည်။

ရရှိနိုင်မယ့် ဒီဇိုင်းအရောင်ပိုင်းမှာတော့ Glossy Glass မှန်ကဲ့သို့တောက်ပြောင်မှုကို အခြေခံထားသော Ice White ၊ Deep Sea Blue နဲ့ Black တို့ဖြစ်ပြီး အလင်းတုံ့ပြန်စွမ်းအား ကောင်းမွန်သည့် Refractive Matte Glass တွင် Blush Gold နဲ့ Silver Frost အရောင် ၂ မျိုး ရွေးချယ်နိုင်သည်။ ထိုကဲ့သို့ ဆန်းသစ်သည့် အရောင်များကြောင့် P40 နှင့် P40 Pro စမတ်ဖုန်းများကို မည့်သည့် ရှုဒေါင့်ကနေပဲ ကြည့်ကြည့် ကြွရွလှပတဲ့ ဒီဇိုင်းနဲ့ မြင်တွေ့နိုင်မှာပဲဖြစ်သည်။ P40 Pro+ တွင် ထူးခြားသည့် Nanotechnology နှင့် ဖန်တီးပြုလုပ်ထားမယ့် Ceramic ကိုယ်ထည်သားနဲ့ Exclusive ရရှိနိုင်ပြီး အဖြူနဲ့ အနက်ရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ နောက်တစ်နည်း အားဖြင့်ဆိုသော် Nano-tech Coating Method မှာ အလွှာအလွှာသော Layer တွေကို ခက်ခက်ခဲခဲ ထပ်ရသည့်အတွက် နည်းပညာပိုင်းအရ အဆင့်မြင့်သွားခြင်းဖြစ်ပါသည်။ Ceramic သားဆိုသည်မှာ မာကျော ကျစ်လျစ်နေအောင် သေချာ Hardening လုပ်ရသလို ဖန်တီးမှုအနုပညာမြောက်အောင် နောက်ဆုံးအဆင့်မှာ အချောသပ် Polishing လုပ်ယူရခြင်းဖြစ်ပါသည်။ ထို့ကြာင့်လည်း P40 Pro+ ဟာ ဒီဇိုင်းအလှမှာ အထာအကျဆုံးဖြစ်ပြီး Timeless Style နဲ့ ကြွရွနေတာကို မြင်တွေ့ရမှာပါပဲဖြစ်ပါသည်။

Huawei P40 Pro+

All-day Super Definition Photography
HUAWEI P40 Series ရဲ့ ကင်မရာပိုင်း ထူးခြားလာတာတွေကတော့ ပိုမိုအဆင့်မြင့်တဲ့ Ultra Vision Leica Camera စနစ်ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ဒီကင်မရာ စနစ်တွေကို Triple ၊ Quad နဲ့ Penta Cameras ဆိုပြီး HUAWEI P40 ၊ P40 Pro နဲ့ P40 Pro+ တွေနဲ့ မြင်တွေ့ရမှာပါ။ Ultra Vision Leica Camera အသုံးပြုထားတဲ့ အားသာချက်က HUAWEI P40 Series တွေမှာ ကင်မရာ စွမ်းဆောင်ရည် တစ်ခုချင်းစီ မြင့်မားလာပြီး Ultra-wide ၊ Wide Angle နဲ့ Telephoto Lens လုပ်ဆောင်ချက်တွေမှာ သူမတူတဲ့ ဖန်တီးမှု အနုပညာကို ပေးစွမ်းစေမှာဖြစ်သည်။

HUAWEI P40 Pro တွင် အသုံးပြုထားသည့် Leica Quad Camera စနစ်သည် ယခင်ထက် ပိုမို စွမ်းဆောင်ရည်ကောင်းလားသော Ultra-wide Cine Camera နှင့် ToF (Time of Flight) Sensor တွေနှင့် တွဲဖက်ထားသလို Tele Lens စွမ်းအားနဲ့ SuperSensing Zoom ကို အဆ 50x Maximum ပုံရိပ်များဖမ်းယူနိုင်မည်ဖြစ်သည်။

P40 Pro+ မှာတော့ P40 Pro အားသာချက်များ အကုန်ပါဝင် အသုံးပြုထားသည့် အပြင် SuperZoom Array နည်းပညာ ထောက်ပံ့ထားတဲ့အတွက် 10x True Optical Zoom အပြင် အမြင့်မားဆုံး Digital Zoom ကို အဆ 100x အထိ ရိုက်ကူးနိုင်သည်။

HUAWEI P40 Series တွင် ပါဝင်သည့် Ultra Vision Sensor အားသာချက်တွေက အကြီးမားဆုံး CMOS Sensor အသုံးပြုထားပြီး Pixel Binning နည်းပညာ အထောက်ပံ့နှင့် Sensor Size က အရွယ်အစား 1/1.28” အထိ ရှိပြီး Pixel Size က 2.44μm ရှိသည်။ Full Pixel Octa PD (Phase Detection) Auto Focus လုပ်ဆောင်ချက်က AI နည်းပညာနဲ့ ပေါင်းစပ်ထားသည့် အတွက် အလင်းရောင်အားနည်းသည့် အခြေအနေမျိုး မှာလည်း ပိုမိုလျှင်မြန်စွာ Auto Focus လုပ်ပေးနိုင်ပါတယ်။ HUAWEI ရဲ့ XD Fusion Engine ကလည်း Wide ၊ Ultra-wide နဲ့ Telephoto Lens ကဲ့သို့ မတူညီတဲ့ ရှုဒေါင့်ကနေ ရိုက်ကူးလိုက်တဲ့ ပုံများကို တခဏအတွင်းမှာ လေ့လာစမ်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့ Picture Quality ရရှိလာအောင် ကူညီပံ့ပေးနိုင်ပါသည်။

HUAWEI P40 Pro မှာ အသုံးပြုထားတဲ့ Periscope Lens သည် 5x Optical Zoom ၊ 10x Hybrid Zoom နှင့် 50x Maximum Digital Zoom ရိုက်နိုင်တယ်လို့ သိထားတဲ့အတိုင်း Telephoto စွမ်းပကား မြင့်မားနေအောင် ကုမ္ပဏီရဲ့ ပထမဆုံးသော RYYB Colour Filter Array နည်းပညာကို အသုံးပြုထားသည်။

အလင်းဝင်အား ပိုမိုကောင်းမွန်သည့် အပြင် Zoom ဆွဲရိုက်လိုက်သည့် အခါတိုင်းမှာလည်း ဓာတ်ပုံအရည်အသွေး အရမ်းကျမသွားအောင်လည်း ထိန်းပေးနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro+ တွင် Periscope Lens က အလင်းဝင်အား ပိုမိုကောင်းမွန်စေဖို့ 178% ချဲ့ထွင်ပေးနိုင်ပြီး အလင်းတုံ့ပြန်အားကလည်း ၅ ဆ ပိုကောင်းတဲ့အတွက် အဝေးကို လှမ်းဆွဲရိုက်တိုင်း အရည်သွေး ကျမသွားစေဘဲ 10x True Optical Zoom စွမ်းဆောင်ရည်ကို ရရှိစေတာပါပဲဖြစ်ပါသည်။

Long-range Zoom ရိုက်ကူးမှုအပိုင်းမှာလည်း လက်တုန်ခြင်းလို အနေအထားမျိုးကို ကာကွယ်ပေးနိုင်ဖို့ OIS အထောက်ပံ့ ပါဝင်တဲ့အပြင် SuperZoom Array လို AI လုပ်ဆောင်ချက်က Stabilization Feature အတွက် ပြည့်စုံစေသည်။ ထို့အပြင် Ultra-wide Camera မှာလည်း OIS ထည့်သွင်းပေးထားတဲ့အတွက် Camera Lens တွေက OIS+AIS အကူညီနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရိုက်ကူးစေနိုင်သည်။ ယခုလို Camera Hardware လုပ်ဆောင်ချက်တွေအပြင် Skin Tone နဲ့ Texture ပိုင်းအတွက် Multi-spectrum Colour Temperature Sensor ကို အသုံးပြုထားသည်။ Colour Accuracy ပိုင်းအတွက် AI AWB Algorithm လုပ်ထုံးထည့်သွင်းပေးထားပြီး 45% ထိပိုမို တိကျသေချာစေမှာပဲဖြစ်ပါတယ်။

Portrait အလှရိုက်ကူးမှုအတွက် Lighting နဲ့ Detail Effect ကို Deep Learning Algorithm နဲ့ Real-time Optimisation လုပ်ပေးနိုင်သည်။ HUAWEI P40 Pro နဲ့ P40 Pro+ မှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊ Bokeh ရိုက်ချက်တွေကို HUAWEI ထုတ်ကုန်တွေရဲ့ Signature Quality စံနှုန်းအတိုင်း ပံ့ပိုးထားသည်။
အခုလို Camera Hardware ပိုင်း ကောင်းမွန်လာတာနဲ့အညီ P40 Series တွင် Software ပိုင်းလုပ်ဆောင်ချက်များအားလည်း အားဖြည့်ထားပါသေးတယ်။ HUAWEI Golden Snap ဆိုတဲ့ Feature အသစ်က ရွေ့လျားနေတဲ့ ရိုက်ချက် Moving Picture အတွက် အထောက်ကူ ဖြစ်စေပြီး AI အကူညီနဲ့ အကောင်းဆုံးသော Moment ရိုက်ချက်ကို ရိုက်ကူးနိုင်မည်ဖြစ်ပြီး မိမိရိုက်ကူးထားသောပုံများထဲမှ အကောင်းဆုံးပုံကို ရွေးချယ်နိုင်မည်ဖြစ်သည်။

AI Remove Passerby ဆိုတာကတော့ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံထဲမှာ တခြားသူ ဒါမှမဟုတ် ပစ္စည်းတစ်စုံတရာ ပါလာမယ်ဆိုရင် Camera Setting ထဲမှာပဲ အလွယ်တကူ ဖျောက်ထားနိုင်မယ်။ ဒီလိုပဲ AI Remove Reflection ဆိုတာက ပုံရိပ်ထဲမှာ အလင်းပြန်တာကို ဖယ်ရှားပေးနိုင်တဲ့အတွက် Image Quality ပိုကောင်းလာအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။

Huawei P40 Pro+

A Powerful Pocket-sized Video Camera
ဓာတ်ပုံရိုက်ကူးမှု အပိုင်း ကောင်းမွန်လာတဲ့ P40 Series များသည် Video Functionality ပိုင်းမှာလည်း အဆင့်မြင့်တင်ထားပြီး P40 Pro နဲ့ P40 Pro+ တို့တွင့် 40MP Ultra-wide Camera 18mm Focal Length တို့ကို အသုံးပြုထားပြီး 3:2 Aspect Ratio ထောက်ပံ့ထားကာ Sensor Size က 1/1.54” ရှိပါသည်။ အဆိုပါကင်မရာတွေမှာ SedecimPixel Fusion နည်းပညာနဲ့ ပေါင်းစပ်ထားပြီး 16-in-1 Pixel Binning ကို ထောက်ပံ့ထားတဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Super Pixel Size ကို ရရှိစေမည်ဖြစ်သည်။ အလင်းဝင်အား ကောင်းမွန်စေဖို့ Light Sensitivity ISO ကို 512,000 အထိ ထောက်ပံ့ထားပြီး Ultra Slow-Motion Footage ကို 7,680 fps (Frame Per Second) နှုန်းဖြင့် ရိုက်ကူးနိုင်ပါတယ်။

HUAWEI P40 Series အားလုံးမှာ Real-time Bokeh Videos အသုံးပြုနိုင်ပြီး Highlight ပြချင်သည့် Subject ကို Wide-angle Lens မှာလည်း အသုံးပြုနိုင်ပါတယ်။ Telephoto Camera လုပ်ဆောင်ချက် အနေနဲ့ကတော့ High Quality Zoom ဗီဒီယို ဖန်တီးနိုင်ပြီး 4K Time-lapse Footage ကိုလည်း ရိုက်ကူးနိုင်ပါသည်။

HUAWEI P40 Pro နဲ့ P40 Pro+ မှာ ပါဝင်ထားတဲ့ Directional Audio Zoom Feature က Zoom ဆွဲရိုက်တဲ့အခါမျိုးမှာ အထောက်ကူဖြစ်စေမှာပါ။ သုံးစွဲသူတွေကို အသံ Source ဆီ Zoom In လုပ်ပေးနိုင်တဲ့အတွက် ပိုမိုကြည်လင် ပြတ်သားတဲ့ အသံအရည်သွေး ရရှိစေဖို့ Amplify လုပ်နိုင်မယ်၊ ပိုကောင်းစေမှာပဲဖြစ်ပါသည်။

Huawei P40

An All-connected 5G Powerhouse
HUAWEI P40 Series အားလုံးတွင် Kirin 990 5G SoC နဲ့ မောင်းနှင်ထားပြီး Integrated ထည့်သွင်းထားသည့် 5G ကွန်ရက်စနစ်က ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုကို ထောက်ပံ့ထားသည်။ ပူးတွဲပါဝင်လာတဲ့ NPU လုပ်ဆောင်ချက်က AI စွမ်းဆောင်ရည် မြင့်တင်ပေးနိုင်တဲ့အပြင် စွမ်းအင် ချွေတာမှုအပိုင်းအတွက် တစ်ဖက်တလှမ်း အားဖြည့်ပါဝင်ထားသည်။ Display တုံ့ပြန်နိုင်စွမ်းအားနဲ့ Gaming Experience တွေကို Level အသစ် ပေးစွမ်းနိုင်စေဖို့ GPU စွမ်းရည်ကို အဆင့်မြင့်ထားပြီး HUAWEI P40 Pro နဲ့ P40 Pro+ မှာ 90Hz Refresh Rate နဲ့ Smooth Experience ခံစားရရှိအောင် ထည့်သွင်းထားပါသည်။ 160MHz ကြိမ်နှုန်းနဲ့ Wi-Fi 6 Plus နည်းပညာကလည်း ပိုမိုမြန်ဆန်တဲ့ ချိတ်ဆက်မှုအပိုင်းတွက် အမြင့်ဆုံး 2,400 Mbps High-speed Connection ကို ပေးစွမ်းနိုင်ပါတယ်။ 2,400 Mbps ဆိုတာကတော့ သီအိုရီအရ ပေးစွမ်းနိုင်တဲ့ Transmission Speed ကို ဆိုလိုခြင်းဖြစ်ပါသည်။

Fast Charging ပိုင်းအတွက် HUAWEI SuperCharge နည်းပညာက 40W Wireless Fast Charging အထိ ထောက်ပံ့ထားလိုက်ပြီဖြစ်ပြီး ဒီ Industrial Leading နည်းပညာကို HUAWEI P40 Pro+ နဲ့ တွဲဖက် အသုံးပြုနိုင်မှာပါ။

ယခုလို System Level Performance ပိုကောင်းလာတဲ့ HUAWEI P40 Series တွေဟာ Thermal Management အပူကို Control လုပ်ဖို့နဲ့ အပူကြောင့် စွမ်းဆောင်ရည် မထိခိုက်စေဖို့ Advanced Cooling နည်းပညာကို အသုံးပြုထားပါသည်။ HUAWEI P40 Pro+ မှာ 4-in-1 SuperCool System ပါဝင်လာသည့်အပြင် Exceptional Performance ကို ဝန်ထုပ်ဝန်ပိုး မရှိစေဘဲ ရရှိစေမည်။ Camera နှင့် System Performance ပိုင်း ပိုမိုကောင်းမွန်လာတဲ့ P40 Series တွေကို ပြည့်စုံသွားစေဖို့ EMUI 10.1 Operating System နဲ့ အားဖြည့်ထားသည်။ HUAWEI ရဲ့ EMUI Version အသစ်မှာဆိုရင် Hardware လုပ်ဆောင်ချက် ပိုကောင်းလာစေဖို့ AI Functionality ပိုင်းကို ပါ ပံ့ပိုးပေးထားသည်။

HUAWEI မှ မိတ်ဆက်လိုက်တဲ့ HUAWEI MeeTime မှာဆိုလျှင်လည်း 1080p Video Call ကို အပြည့်အဝ အသုံးချနိုင်ပြီး HUAWEI Smartphones ၊ Tablets နဲ့ HUAWEI Vision TV အစရှိတဲ့ Device အားလုံးမှာလည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် ဖုန်းနဲ့ Video Call ပြောတဲ့အခါမှာလည်း ရုပ်ထွက်အရည်အသွေးပိုင်းကို အလင်းရောင် အားနည်းတဲ့အချိန်၊ လိုင်းဆွဲအား အနေထားကြောင့် ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Screen Sharing Feature ကိုပါ ထည့်သွင်းထားတဲ့အတွက် Video Call ပြောရင်း ကိုယ်ပြချင်တဲ့ အကြောင်းရာတစ်ခုခုကို တခြားသူ မြင်စေဖို့ သုံးနိုင်မှာပါ။

HUAWEI Share ဝန်ဆောင်မှာ Smartphone ကို Tablets နဲ့ PC တွေဆီ အလွယ်တကူ File Sharing ၊ File Transfer လုပ်နိုင်ပါတယ်။ P40 Series မှာ မိတ်ဆက်သွားတဲ့ HUAWEI Share ကနေတဆင့် တေးသီချင်းတွေကို Smart Speaker ၊ Screen Projector နဲ့ Wi-Fi ချိတ်ဆက်ထားတဲ့ HUAWEI Device တွေဆီ Smartphone ကို Tap လုပ်ပေးလိုက်တာနဲ့ အလွယ်တကူ Streaming လုပ်ပြီး နားဆင်နိုင်ပါသည်။

Functionality ပိုင်းအနေ ဖြင့် ထည့်သွင်းလာသည့် Multi-screen Collaboration ဆိုသည်မှာ Smartphone နှင့် PC တို့ တသားတည်း ဖြစ်သွားစေရန် လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ Multi-screen ကို Tab လုပ်လိုက်တာနဲ့ PC မှာ ဖုန်း Screen ပေါ်လာမှာဖြစ်ပြီး Video Call ၊ Voice Call မှန်သမျှ PC ကနေ တိုက်ရိုက် ခေါ်ဆိုနိုင်မယ့် အပြင် စမတ်ဖုန်းပေါ်က ဖိုင်တွေကို အလွယ်တကူ Drag & Drop လုပ်နိုင်ခြင်း၊ Hyperlinks ဖွင့်ဖို့ ကွန်ပျူတာပေါ်မှာ သုံးနေရတဲ့အတိုင်း Experience ရရှိစေမှာ ဖြစ်တဲ့အတွက် နောက်တစ်နည်း Smartphone နဲ့ PC ချိတ်ဆက်မှုမှာ ပိုမိုလွယ်ကူပြီး အသုံးဝင်လာစေမယ့် နည်းပညာပဲဖြစ်သည်။

HUAWEI Smartphone တွေမှာ ကိုယ်ပိုင် HMS (HUAWEI Mobile Services) အသုံးပြုထားတဲ့အတိုင်း သီးသန့် ဝန်ဆောင်မှုဖြစ်တဲ့ AppGallery မှာ Applications (Apps) တွေကို ကမ္ဘာတဝှမ်းက Developers တွေနဲ့ပူးပေါင်းပြီး ပြည့်စုံလာအောင် ဖန်တီးထားပြီပဲဖြစ်ပါသည်။ HUAWEI ရဲ့ App Marketplace ဖြစ်တာနဲ့အညီ ဖျော်ဖြေမှုအပိုင်းတွက် HUAWEI Music ၊ HUAWEI Video နဲ့ HUAWEI Reader ဝန်ဆောင်မှုကို ထည့်သွင်းထားပါတယ်။ လက်ရှိအချိန်မှာလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်အတိုင်း Apps တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ထိပ်တန်း မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အသစ်အသစ်သော Features များကို ဖန်တီးနေတာပဲဖြစ်ပါသည်။

ဈေးနှုန်းနဲ့ ဝယ်ယူရရှိမယ့်အချိန်
HUAWEI P40 Series တွေကို သက်ဆိုင်ရာ ဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အောက်ဖော်ပြပါ ဈေးနှုန်းများမှာ နိုင်ငံတကာတွင် ရောင်းချမည့် ဈေးနှုန်းများဖြစ်သည်။ မြန်မာပြည်တွင် ဧပြီလအကုန် မေ လဆန်းတွင် ဝင်ရောက်လာမည်ဟု ခန့်မှန်းပြီး ရက်အတိအကျနှင့် ဈေးနှုန်းအတိအကျကို Huawei Consumer Business Group (Myanmar) ရုံးမှ ထုတ်ပြန်ကြေငြာပေးသွားမှာ ဖြစ်သည်။

HUAWEI P40 Pro+ 8GB/512GB 1,399 EUR
HUAWEI P40 Pro   8GB/256GB 999 EUR
HUAWEI P40           8GB/128GB 799 EUR

HUAWEI P40 Series တွေနဲ့အတူ မိတ်ဆက်သွားခဲ့တဲ့ ထုတ်ကုန်သစ်တွေက HUAWE WATCH GT2e နဲ့ HUAWEI Sound X တို့ပါ။ 2020 ဆောင်းအကုန် နွေအကူးရာသီအတွက် HUAWEI X GENTLE MONSTER Eyewear ကိုပါ မိတ်ဆက်သွားခဲ့ပြီး အခု ထုတ်ကုန်တွေဟာ သုံးစွဲသူတွေနဲ့ အကိုက်ညီဆုံး ဖြစ်စေမယ့် လိုအပ်ချက်အတိုင်း Digital Life ကို ပြည့်စုံစေဖို့ ဖန်တီးထားတာပါပဲဖြစ်ပါသည်။

Source – Huawei