Huawei ကနေ မကြာသေးခင်တုန်းက Foldable ဖုန်းအသစ်ဖြစ်တဲ့ Huawei Mate Xs ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Event မှာပဲ Huawei ရဲ့ CEO Richard Yu ကနေ ၂၀၂၀ အတွက် ပထမဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Huawei P40 Series တွေ မိတ်ဆက်မယ့်အချိန်ကိုပါ ပြောကြားသွားခဲ့ပါတယ်။

အခု Richard Yu ရဲ့ ပြောကြားချက်အရတော့ Huawei P40 Series ဖုန်းတွေဟာ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ Paris မှာပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Huawei P40 Series တွေကို မတ်လဝန်းကျင်မှာ မိတ်ဆက်မယ်ဆိုပြီးပဲ သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အချိန်အတိအကျကို သိရှိရပြီဖြစ်ပါတယ်။

Huawei P Series စမတ်ဖုန်းတွေဟာ Camera ပိုင်းကို ဦးစားပေးတဲ့စမတ်ဖုန်းတွေဖြစ်သလိုပဲ ဒီ Huawei P40 Series တွေဟာလည်း နောက်ကျောဘက်မှာ Camera ၅ လုံးအထိပါဝင်လာမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား 10x Optical Zoom ပါဝင်တဲ့ P40 Premium ၊ 5x Optical Zoom နဲ့ P40 Pro အပြင် ပုံမှန် P40 ဆိုပြီး ၃ မျိုးထွက်ရှိလာနိုင်ပါတယ်။

Primary Sensor အနေနဲ့ကတော့ 52MP Sensor ကို အသုံးပြုလာမယ့်အပြင် 40MP Cine Sensor တွေပါဝင်လာမှာဖြစ်ပါတယ်။ Connectivity အရလည်း 5G ကို Support လုပ်တဲ့အပြင် 1,200Mbps အထိရရှိမယ့် Wi-Fi 6+ ကို ပထမဆုံး Support ပြုလုပ်လာဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei P40 Series ဖုန်းတွေဟာ Google Mobile Services ပါဝင်ခြင်းမရှိပေမယ့် Hardware Performance အရတော့ တကယ်ကို စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတွေဖြစ်လာမှာပါ။

Ref – GSM Arena