Huawei ဟာ ယခု ၂၀၂၁ ခုနှစ်အစောပိုင်းမှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Huawei P50 Series ကို မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Huawei P50 Series ဖုန်းတွေဟာ Kirin 9000 Chipset အပြင် Camera ပိုင်းမှာလည်း ပိုကောင်းတဲ့ Sensor တွေကိုအသုံးပြုလာမှာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Huawei ဟာ P50 Series ဖုန်းတွေကို Software ပိုင်းမှာ Operating System ၂ မျိုးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါကတော့ Android OS အပြင် Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS နဲ့ပါ မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ Huawei နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြတတ်တဲ့ Leakster တစ်ဦးဖြစ်တဲ့ Yash Raj Chaudary ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Huawei ဟာ တရုတ်နိုင်ငံတွင်းမှာတော့ HarmonyOS တစ်မျိုးတည်းနဲ့ပဲ ရောင်းချသွားမှာဖြစ်ပြီး Global စျေးကွက်မှာတော့ Android OS နဲ့ HarmonyOS ၂ မျိုးလုံးကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ကျန်တဲ့သတင်းတွေအနေနဲ့ကတော့ အတိအကျသိရခြင်းမရှိသေးဘဲ Huawei P50 Series ဖုန်းတွေမှာ OLED Display ၊ 8GB RAM နဲ့ 128GB သို့မဟုတ် 256GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။ Camera Setup အနေနဲ့ အများဆုံး Camera Sensor ၅ ခုအထိ ထည့်သွင်းထားမှာဖြစ်ပြီး Selfie Camera ကိုလည်း Punch-hole Design ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei P50 Series ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ ဝယ်ယူသူတွေအနေနဲ့ Android OS နဲ့ HarmonyOS ကို ရွေးချယ်ဝယ်ယူနိုင်တဲ့ ဖုန်းတွေဖြစ်လာမှာပါ။

Ref – Gizmo China