Huawei ဟာ ယခုအချိန်မှာ Huawei Mate X နဲ့ Mate Xs က လွဲပြီး တခြားသော Foldable စမတ်ဖုန်းတွေကို မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။ အစောပိုင်းတုန်းက Huawei Mate X2 ကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ စီစဥ်ထားပေမယ့်လည်း TSMC ရဲ့ Chip ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် နောက်နှစ်မှ ပြောင်းလဲမိတ်ဆက်မယ့် ပုံစံပါပဲ။

ဒါပေမယ့် အခုအချိန်မှာ Huawei ကနေ နောက်ထပ် Foldable စမတ်ဖုန်း Design အသစ်ကို မူပိုင်ခွင့်ရယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ Foldable စမတ်ဖုန်းအသစ်ဟာ လက်ရှိ Galaxy Z Flip လိုမျိုး အပေါ်ကနေ အောက်ကို ခေါက်ချိုးနိုင်တဲ့ Design ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

Samsung Galaxy Z Flip ဖုန်းနဲ့ အဓိကကွာခြားတာကတော့ Huawei ရဲ့ မူပိုင်ခွင့် Design အရ အပြင်ဘက် Cover Display က သိသိသာသာကို ပိုကြီးမားနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အတွင်းမှာလည်း Selfie Camera ပါဝင်မှာမဟုတ်တော့ဘဲ အပြင်ဘက်မှာပဲ Dual Camera Setup ကို ဒေါင်လိုက် အသုံးပြုပေးထားတာကို တွေ့ရပါတယ်။

ယခုသတင်းကို LetsGoDigital ကနေ ဖော်ပြခဲ့တာဖြစ်ပြီး CNIPA (China National Intellectual Property Office) ဆီမှာ Huawei Technologies နာမည်နဲ့ မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကမှ Approved ရရှိခဲ့တာဖြစ်တဲ့အတွက် Huawei အနေနဲ့ ဘယ်အချိန်မှ တရားဝင်မိတ်ဆက်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ်မှာ Galaxy Z Flip ၊ Z Flip 5G နဲ့ Galaxy Z Fold 2 စတဲ့ Foldable ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ Huawei အနေနဲ့ကတော့ Mate X ဖုန်းနဲ့ Foldable စျေးကွက်ကို စတင်ဝင်ရောက်ခဲ့ပေမယ့် အခုအချိန်မှာ Samsung နဲ့ ယှဥ်ပြိုင်နိုင်ဖို့ကတော့ တော်တော်လေးခက်ခဲမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China