Unicode

Huawei ကနေ ကုမ္ပဏီအတွက် ပထမဆုံးသော Foldable ဖုန်းဖြစ်တဲ့ Mate X စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Huawei Mate X Foldable ဖုန်းကို တရုတ်နိုင်ငံမှာ ရောင်းချနေပြီဖြစ်ပြီးတော့ လာမယ့် ဖေဖော်ဝါရီလ MWC Event မှာလည်း Design တူညီတဲ့ Mate Xs Foldable ဖုန်းကိုမိတ်ဆက်သွားဦးမှာပါ။

ဒါပေမယ့် တကယ့် Huawei Mate X ရဲ့ Generation အသစ်ဖြစ်လာမယ့် Huawei Mate X2 ဖုန်းလို့ ယူဆရတဲ့ Design မှုပိုင်ခွင့်ကတော့ အခုအချိန်မှ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ မှုပိုင်ခွင့်ကို Huawei ကနေ EUIPO (European Union Intellectual Property Office) မှာ ရယူထားခဲ့တာဖြစ်ပါတယ်။

အခု Huawei က ရယူထားတဲ့ မူပိုင်ခွင့်အရ Mate X2 Foldable ဖုန်းဟာ Mate X လိုမျိုးပဲ Display ကို အပြင်ဘက်ကို ခေါက်ချိုးတဲ့ Design ကို အခြေခံလာဦးမှာပါ။ ဒါပေမယ့် Camera ပိုင်းမှာတော့ ကျောဘက်မှာ Camera ၄ လုံးအပြင် Front Facing Selfie Camera ၂ လုံးပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Stylus ကိုပါ ထည့်သွင်းလာမယ်လို့ သိရပါတယ်။

Huawei Mate Xs စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ MWC မှာ Design ပိုင်း Improvement အချို့အပြင် Kirin 990 5G Chipset ၊ 55W Fast Charging တွေနဲ့ မိတ်ဆက်လာမယ်ဆိုပေမယ့် ဒီ Mate X2 စမတ်ဖုန်းကိုတော့ ၂၀၂၀ နှစ်ကုန်ပိုင်းမှ မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena