Huawei ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Application တွေကို အလွယ်တကူရှာဖွေနိုင်ဖို့အတွက် Petal Search ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Huawei Petal Search ဟာ App Gallery မှာမရှိသေးတဲ့ Application နဲ့ Video တွေရှာဖွေဖို့အတွက်ပဲ အသုံးဝင်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ Huawei ကနေ Petal Search ကို တကယ့် Search Engine တစ်ခုနဲ့ဆင်တူအောင် Feature Update တွေပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Application တွေတင်ရှာဖွေနိုင်မှာမဟုတ်တော့ဘဲ Google နဲ့ Bing လိုမျိုး Search Engine တစ်ခုအနေနဲ့ပါ သေချာအသုံးပြုနိုင်တော့မှာပါ။

ပုံမှန် Search ပြုလုပ်ချင်တဲ့အကြောင်းအရာတွေအပြင် သတင်းတွေ၊ ဓါတ်ပုံတွေနဲ့ Video တွေကို သီးသန့်ရှာဖွေနိုင်မှာဖြစ်သလို Shopping နဲ့ Flight Booking တွေလိုမျိုး Feature အသစ်တွေပါ ရရှိလာတာဖြစ်ပါတယ်။ Search Result တွေကိုလည်း Microsoft Bing သို့မဟုတ် Huawei ရဲ့ ကိုယ်ပိုင် Independent Indexing ကနေတစ်ဆင့် ဖော်ပြပေးတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ Huawei ကနေ Petal Search မှာပဲ ကိုယ်ပိုင် Celia Digital Assistant ကို ထည့်သွင်းသွားဖို့ရှိနေပြီးတော့ လက်ရှိ Google Assistant နဲ့ တိုက်ရိုက်ယှဥ်ပြိုင်သွားဖွယ်ရှိနေပါတယ်။ လောလောဆယ်မှာတော့ Home Screen မှာ အလွယ်တကူအသုံးပြုနိုင်စေဖို့ Widget အနေနဲ့ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Petal Search က အခုထက်ပိုပြီးလူသုံးများတဲ့ Search Engine တစ်ခုဖြစ်လာတော့မှာပါ။

Ref – GSM Arena