Huawei ဟာ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ Flagship Series စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Huawei Mate 40 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပါတယ်။ ယခုနှစ်မှာ Apple iPhone 12 Series ဟာ ပုံမှန်ထက်နောက်ကျပြီး စက်တင်ဘာလကနေ နိုဝင်ဘာလကုန်ပိုင်းမှ မိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် Huawei အနေနဲ့ Mate 40 Series ကို အားခဲထားပုံပါပဲ။

ဘာကြောင့်လဲဆိုရင် ယခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ Huawei Mate 40 Series ဟာ Google Services ပါဝင်မှာမဟုတ်တဲ့ Huawei Mobile Services (HMS) နဲ့ပဲ မိတ်ဆက်မှာဖြစ်ပေမယ့် ယခုနှစ်အတွင်းမှာတင် ဖုန်းအလုံးရေ ၈ သန်းလောက်အထိ ရောင်းချရဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး ရောင်းအားကောင်းဖို့အတွက် Huawei Mate 40 Series ဖုန်းတွေဟာ 5nm Architecture ကို အခြေခံထားတဲ့ Kirin 1020 သို့မဟုတ် Kirin 1000 Chipset ကို အသုံးပြုလာမှာဖြစ်သလို လက်ရှိ Kirin 990 Chipset ထက်လည်း ၅၀ ရာခိုင်နှုန်းလောက်အထိ စွမ်းဆောင်ရည်ပိုကောင်းလာဖို့များနေပါတယ်။ အဲ့ဒီအတွက် ယခုနှစ်ရဲ့ Android ဖုန်းတွေထဲမှာ Huawei Mate 40 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတွေတောင်ဖြစ်လာနိုင်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Huawei Mate 40 Series ဖုန်းတွေဟာ Camera ပိုင်းမှာလည်း လက်ရှိ Huawei P40 Pro ထက်ပိုကောင်းတဲ့ Camera Sensor နဲ့ နည်းပညာအသစ်တွေထည့်သွင်းလာမယ့်အပြင် Under-Screen Selfie Camera ကိုပါ ထည့်သွင်းလာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။


ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဖုန်းတွေက စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းကောင်းကောင်းတစ်လုံးဝယ်ဖို့ စဥ်းစားနေတယ်ဆိုရင် စောင့်ကြည့်သင့်တဲ့ဖုန်းတွေလို့ ပြောရမှာပါ။

Ref – GizChina