Huawei ရဲ့ Pura series ဟာ အမိုက်စား ကင်မရာတွေကြောင့် နာမည်ကြီးပြီး အခုတော့ Pura 80 Ultra ကို ချပြလာပါတယ်။ ဒီဖုန်းရဲ့ အကောင်းဆုံး အစိတ်အပိုင်းက Lens နှစ်လုံးနဲ့ ချိတ်ဆက်ထားတဲ့ ကြီးမားတဲ့ 1/1.28-inch periscope telephoto sensor (50MP) ပဲ ဖြစ်ပါတယ်။
Huawei ဟာ Lens နှစ်လုံးကြားမှာ ရွှေ့ပြောင်းပေးနိုင်တဲ့ ရှုပ်ထွေးတဲ့စနစ်တစ်ခုကို တပ်ဆင်ထားပါတယ်။ ဒါကြောင့် Sensor-shift OIS နဲ့အတူ 3.7x နဲ့ 9.4x optical zoom ကို ရရှိမှာ ဖြစ်ပါတယ်။
ဒါကဘာကိုဆိုလိုလဲဆိုတော့ 83 mm focal length မှာ f/2.4 aperture နဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်သလို 212 mm focal length မှာ f/3.6 aperture နဲ့လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Pura 80 Ultra မှာ 1-inch RYYB sensor အမျိုးအစားကိုသုံးထားပြီး f/1.6 ကနေ f/4.0 အထိ ပြောင်းလဲနိုင်တဲ့ aperture နဲ့ OIS ပါဝင်တဲ့ 50MP main camera လည်း ပါဝင်ပါသေးတယ်။ Huawei ရဲ့အဆိုအရ main camera ကနေရိုက်တဲ့ ဓာတ်ပုံတွေဟာ Pura 70 Ultra ထက် 15 ဆ ပိုမိုမြင့်မားတဲ့ dynamic range ကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
တကယ်တော့ main camera ရဲ့ dynamic range ဟာ 16EV လို့ သတ်မှတ်ထားပြီး ဒါဟာ စမတ်ဖုန်းတစ်လုံးအတွက် စံချိန်သစ်တင်နိုင်တာပါ။ ဒါက ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ အလင်းနဲ့အမှောင် အသေးစိတ်တွေကို ပိုမိုကောင်းမွန်စွာ ရရှိစေမှာပါ။
Pura 80 series မှာ Nature၊ Film၊ Movie နဲ့ Cartoon ဆိုတဲ့ photographic style preset တွေလည်း ပါဝင်လာပါတယ်။ Huawei ဟာ ဗီဒီယိုတွေမှာ highlight အပိုင်းတွေရဲ့ အသေးစိတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ real-time fusion နည်းပညာအသစ်ကိုလည်း တီထွင်ခဲ့ပါတယ်။ Pura 80 Ultra မှာ 40MP ultrawide lens (13mm) နဲ့ 1.5MP multi-spectral color sensor တို့လည်း ပါဝင်ပါသေးတယ်။
ကင်မရာတွေအပြင် Pura 80 Ultra မှာ FHD+ resolution နဲ့ 1-120Hz adaptive refresh rate ပါဝင်တဲ့ ဘေးဘက်လေးဘက်ကွေး 6.8-inch LTPO OLED display ကို သုံးထားပါတယ်။ သူ့ကို ဒုတိယမျိုးဆက် Kunlun Glass နဲ့ ကာကွယ်ထားပြီး အမြင့်ဆုံး local brightness က 3,000 nits အထိ ရှိပါတယ်။
Chipset နဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးတာကြောင့် teardown video တွေကို စောင့်ကြည့်ရမှာပါ။ Pura 80 Ultra မှာ 16GB RAM ကို အခြေခံအဖြစ်ထည့်သွင်းပေးထားပြီး 512GB ဒါမှမဟုတ် 1TB storage ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Pura 80 series ဟာ HarmonyOS 5.1 နဲ့ မောင်းနှင်မှာဖြစ်ပြီး Ultra မော်ဒယ်မှာတော့ 100W wired charging နဲ့ 80W wireless charging ကို ထောက်ပံ့ပေးတဲ့ 5,700 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒီဖုန်းဟာ IP68/69 ရေနဲ့ဖုန်ဒဏ်ခံနိုင်တဲ့ အဆင့်သတ်မှတ်ချက်လည်း ရရှိထားပါတယ်။ Huawei Pura 80 Ultra ကို အနက်ရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။
16/512GB မော်ဒယ်ကတော့ တရုတ်ယွမ် ၉,၉၉၉ ($1,391) ကျသင့်မှာဖြစ်ပြီး အမြင့်ဆုံး 16GB/1TB မော်ဒယ်ကတော့ ယွမ် ၁၀,၉၉၉ ($1,530) ကျသင့်မှာပါ။ တရုတ်နိုင်ငံမှာ မော်ဒယ်နှစ်မျိုးလုံးကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာပါ။
Ref : gsmarena