Huawei က တရုတ်မှာ စာအုပ်စတိုင်နဲ့ Clamshell ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ Pura X ကို ကြေညာလိုက်ပါတယ်။ 6.3” Main Display ပါလာပြီး 16:10 Ratio ဖြစ်ပါတယ်။ အနောက်ဘက်မှာ 3.5” Square Display သုံးထားပါတယ်။ ဖြန့်ထားချိန်မှာ ဖုန်းရဲ့ အမြင့်ဟာ ၁၄၃.၂ မီလီမီတာနဲ့ အကျယ်က ၉၁.၇ မီလီမီတာတောင် ရှိပါတယ်။  ဖုန်းဟာ ကျယ်ပြီး တိုတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ခေါက်ထားချိန်မှာ ၉၁.၇ မီလီမီတာနဲ့ ၇၄.၃ မီလီမီတာ ရှိပါတယ်။

အရှေ့နဲ့ အနောက်မှာ LTPO OLED Panel တပ်ထားပြီး 120Hz Refresh Rate ပါပါတယ်။ Folding Screen ဟာ 2,500 Nits Peak Brightness ထုတ်လုပ်ပေးပါတယ်။

Cover Screen မှာ ကင်မရာ၊ App ၊ Call နဲ့ Music Player တွေကို သုံးနိုင်တဲ့အတွက် ဖုန်းကို ဖွင့်စရာ မလိုတော့ပါဘူး။

အနောက်ဘက်မှာ 50MP Wide , 40MP Ultrawide နဲ့ 8MP Telephoto ကင်မရာ ၃ လုံး တပ်ထားပါတယ်။ အရှေ့ဘက်က Punch Hole မှာ 10MP ကင်မရာ ပါပါတယ်။

4,720mAh Battery ကို ၂ ပိုင်းခွဲထည့်ထားပြီး 66W Wired နဲ့ 40W Wireless Charging ပါပါတယ်။ ထုံးစံအတိုင်း Huawei က Chipset ကို မပြောပါဘူး။ User Interface က AOSP HarmonyOS 5.0 ဖြစ်ပြီး HarmonyOS Next မဟုတ်ပါဘူး။

အနက်၊ အဖြူနဲ့ ငွေရောင် အပြင် Pattern Green နဲ့ Pattern Red Collector’s Edition တွေကို ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 12/256GB Version ကို ၁,၀၃၅ ဒေါ်လာ၊ တန်ဖိုးအများဆုံး 16GB RAM/1TB Version ကို ၁,၃၈၀ ဒေါ်လာသတ်မှတ်ထားပါတယ်။

Huawei Pura X arrives with a revolutionary foldable design

တရုတ်မှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena