Huawei က ၂၀၂၀ ခုနှစ်၏ တတိယသုံးလပတ်အတွက် လုပ်ငန်းရလဒ်များကို ကြေညာခဲ့ပါသည်။ အဆိုပါကာလအတွင်း Huawei က ဝင်ငွေအားဖြင့် တရုတ်ယွမ် ၆၇၁.၃ ဘီလီယံကို ရရှိခဲ့ပြီး ယင်းက ယခင်နှစ်ကာလတူထက် ၉.၉% ပိုမို များပြားလာခြင်းဖြစ်သည်။ ကုမ္ပဏီ၏ ယင်းကာလအတွက် အသားတင် အမြတ်(net profit margin) မှာ ၈.၀% ဖြစ်သည်။[၁] ၂၀၂၀ ခုနှစ်၏ တတိယသုံးလပတ်အတွင်း Huawei ၏ လုပ်ငန်းရလဒ်များက ကုမ္ပဏီ၏ မျှော်မှန်းထားချက်များနှင့် ကိုက်ညီခဲ့သည်။

ကမ္ဘာအနှံ့ COVID-19 အကြပ်အတည်းနှင့် ရင်ဆိုင်ရသည်နှင့် အမျှ Huawei ၏ ကမ္ဘာ့ supply chain အနေဖြင့်လည်း ထုတ်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကုမ္ပဏီအနေဖြင့် ဖြေရှင်းသည့်နည်းလမ်းများရှာဖွေရန်နှင့် ရှေ့ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစွမ်းကုန် ဆက်လက်ကြိုးစားခဲ့ပြီး သုံးစွဲသူများနှင့် ပံ့ပိုးသူများအား ပေးထားသော ကတိကဝတ်များကို ဖြည့်စွမ်းပေးနိုင်ခဲ့သည်။

ရှေ့သို့ ဆက်လက်၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာတွင် Huawei က AI၊ cloud၊ 5G နှင့် computing စသည့် ICT နည်းပညာဆိုင်ရာ အားသာချက်များကို အကောင်းဆုံး အသုံးချခဲ့သည်။ လုပ်ငန်းသုံး application သစ်များကို ဖန်တီးပေးပြီး မိတ်ဖက်များနှင့် အတူ 5G ကွန်ရက်များ၏ တန်ဖိုးများကို ရှာဖွေ ဖော်ထုတ်ခဲ့သည်။ Huawei မှ ကြေညာထားသည့် ရည်မှန်းချက်များမှာ လုပ်ငန်းများ တိုးတက်စေရန်အတွက် enterprise များကို အကူအညီပေးရန်နှင့် ပြည်တွင်း လုပ်ငန်းများ တိုးတက်စေခြင်း၊ နိုင်ငံသားများအတွက်အကျိုးဖြစ်ထွန်းစေခြင်း၊ အထွေထွေ အစိုးရအုပ်ချုပ်ရေးများကို အဆင့်မြှင့်တင်ပေးခြင်းတို့မှတဆင့် အစိုးရများကို အထောက်အပံ့ပေးရန် ဖြစ်သည်။

ICT က ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပြီး လူမှုရေး၊ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်လာသည်။ လျင်မြန်၍ အားကောင်းသော ICT ကဏ္ဍတိုးတက်မှု ဖြစ်လာရန်အတွက် ကမ္ဘာ့လုပ်ငန်းနယ်ပယ်အတွင်း ပွင့်လင်းဖလှယ်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်မှုများပေါ်တွင် မူတည်နေကြောင်း Huawei က ယုံကြည်သည်။ သို့ဖြစ်ရာ လက်ရှိတွင် ရှုပ်ထွေးသည့် အခြေအနေများ ကြုံနေရစေကာမူ Huawei က ယင်း၏ ကမ္ဘာအနှံ့ မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ဆန်းသစ်တီထွင်မှုရှိသည့် ICT နည်းပညာများကို အသုံးပြုကာ သုံးစွဲသူများအတွက်လည်း ပိုမို မြင့်မားသည့် တန်ဖိုးသစ်များကို ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ကပ်ရောဂါရင်ဆိုင်ဖြေရှင်းမှုများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုများအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်လည်း ဖြစ်သည်။

[၁] ယခုဖော်ပြထားသော ဘဏ္ဍာရေးအချက်အလက်များသည် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံနှုန်းများအရ စီစဉ်ထားပြီး တရားဝင်စစ်ဆေးမှုမပြုလုပ်ရသေးသည့် ကိန်းဂဏန်းများ ဖြစ်သည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလအကုန် ငွေလဲလှယ်မှုနှုန်းထားများအရ အမေရိကန် တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၆.၈၁၀၁ ရှိသည်။ (ရင်းမြစ် – ပြင်ပ အေဂျင်စီ အဖွဲ့အစည်း)

Source – HUAWEI