ဈေးကွက် စစ်တမ်း အသစ်တစ်ခုအရ  တရုတ်မှာ Huawei ဟာ Foldable စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး ဒီနှစ် ပထမနှစ်ဝက်မှာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော် ရရှိထားပါတယ်။ ဒါတောင် စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် Huawei ရဲ့ Foldable ဖုန်းတွေမှာ 5G ဆက်သွယ်မှု မပါပါဘူး။

HUAWEI Mate X2 – HUAWEI Global

Huawei ဟာ အသစ်ထုတ်ထားတဲ့ Huawei Mate X3 ရဲ့ 5G Version ကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် အဲဒီသတင်းကို Huawei က အတည်မပြုထားသေးပါဘူး။

Huawei ဟာ ပြိုင်ဖက်တွေများပြားတဲ့ တရုတ်မှာ Foldable စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်နေတာ အထင်ကြီးစရာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Samsung က လွဲပြီး တခြား ရွေးချယ်စရာ Foldable စမတ်ဖုန်းတွေ နည်းပါးပါတယ်။ တရုတ် ဈေးကွက်မှာ vivo , Honor, OPPO, Xiaomi တို့ကလည်း Foldable စမတ်ဖုန်းတွေ ရောင်းချနေကြပါတယ်။

Huawei Mate Xs 2 Foldable Phone Unveiled: All Details - News18

Huawei ရဲ့ နောက်မှာ OPPO က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပြီး Samsung က နံပါတ် ၃ ဖြစ်ပါတယ်။ အဲဒီနောက်မှာ vivo , Honor, Xiaomi နဲ့ Motorola တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

စစ်တမ်းအရ တရုတ်မှာ Foldable စမတ်ဖုန်း ရောင်းအားဟာ တစ်နှစ်ထက်တစ်နှစ် ၇၂ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ Foldable နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ရောင်းအားပိုကောင်းလာနိုင်ပါတယ်။

Ref : gsmarena