Huawei ဟာ ဒီနှစ်ကုန်ပိုင်း အောက်တိုဘာလဝန်းကျင်မှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Huawei Mate 40 Series ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Huawei ကနေ Mate 40 Series ဖုန်းထုတ်လုပ်မှုတွေကို နှောင့်နှေးထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး ထုတ်လုပ်မှုကို နှောင့်နှေးလိုက်တာ မကြာသေးခင်တုန်းက Huawei ကို US ကနေ ထပ်မံပိတ်ဆို့မှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပိတ်ဆို့မှုဟာ Huawei ကို TSMC လိုမျိုး Chip Supplier တွေဆီကနေထောက်ပံ့မှုရရှိတော့မှာမဟုတ်တော့တဲ့အပြင် လက်ရှိအချိန်မှာ TSMC ကိုယ်တိုင်က Huawei ရဲ့ အမှာစာတွေကို ပယ်ချလိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအတွက် Huawei ရဲ့ Chip ထုတ်လုပ်တဲ့ Division ဖြစ်တဲ့ HiSilicon ကနေ TSMC အစားထိုးနိုင်မယ့် Chip Supplier တွေကို ရှာဖွေနေရပြီဖြစ်ပါတယ်။

Huawei အနေနဲ့ Chip တွေကို ယခင်ထဲက ၂ နှစ်စာလောက်ဝယ်ယူပြီး သိုလှောင်ထားပေမယ့် အဆိုပါ Chip တွေဟာ စမတ်ဖုန်းတွေအတွက်မဟုတ်ဘဲ Server တွေအတွက်အဓိကဖြစ်နေတဲ့အတွက် အခုလိုမျိုးအခက်အခဲကြုံနေရတာလည်းဖြစ်ပါတယ်။ HiSlicon အနေနဲ့ လက်ရှိအချိန်မှာ Qualcomm နဲ့ MediaTek လိုမျိုး Chipset တွေဆီက နည်းပညာရယူနိုင်မလားဆိုပြီး လေ့လာနေပေမယ့် အချိန်လပိုင်းခန့် ကြာမြင့်ဦးမှာဖြစ်ပါတယ်။

တကယ်လို့ တခြားသော Chip Supplier တွေဆီကနေ Chip တွေရရှိပြီးတော့ Mate 40 Series ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်တယ်ဆိုရင်တောင်မှ ဖုန်းနဲ့ပတ်သက်တဲ့အစိတ်အပိုင်းတွေမှာ ပြောင်းလဲမှုရရှိလာနိုင်ပါသေးတယ်။ ယခုသတင်းကိုတော့ Nikkei Asian Review ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Huawei အနေနဲ့ အခုလိုမျိုး Mate 40 Series ထုတ်လုပ်မှုကို နှောင့်နှေးလိုက်ရပေမယ့်လည်း မိတ်ဆက်မယ့်အချိန်ကိုတော့ အောက်တိုဘာလမှာပဲ မိတ်ဆက်သွားဖို့များနေပါသေးတယ်။ ဒါပေမယ့် မိတ်ဆက်ပြီးပြီးခြင်းမှာတော့ ရောင်းချနိုင်ဖို့ မသေချာတော့ပါဘူး။

Ref – Android Authority