[Unicode]

Huawei က Foldable ဖုန်း ဖြစ်တဲ့ Mate X အတွက် EMUI 10 Open Beta ကို ဖြန့်ချိပေးလိုက်ပါတယ်။ Beta Program မှာ ပါဝင်ချင်သူတွေဟာ Service App ကို သွားပြီး EMUI 10 အတွက် Beta Build ကို Early Adopters Update ကနေ ရယူနိုင်ပါတယ်။ Program မှာ ပါဝင်ဖို့အတွက် နောက်ဆုံးထုတ် Service App ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

Open Beta Program ဟာ တည်ငြိမ်မှု မရှိဘဲ Bugs တွေ များနိုင်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဒေတာတွေကို Backup ပြုလုပ်ထားသင့်ပါတယ်။ Huawei က ဒီနှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ EMUI 10 Update ဖြန့်ချိပေးမယ့် စာရင်းကို အရင်က ကြေညာထားပြီးပါပြီ။ ဖေဖော်ဝါရီလထဲမှာ ရမယ့် Device တွေထဲမှာ  Nova 5, Nova 5i Pro, Nova 5z နဲ့ Honor 20S တို့ ပါဝင်ပါတယ်။ မတ်လ အစောပိုင်းမှာ  Nova 5i, Huawei Enjoy 10S နဲ့ Honor 20 Youth Edition တို့ ရရှိကြမှာပါ။

Mate X ဟာ Huawei ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရောင်းချခဲ့ပြီး ၈ လက်မ Flexible OLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Huawei ရဲ့ ကုမွဏီခွဲ HiSilicon က ထုတ်ထားတဲ့ Kirin 980 SoC မောင်းနှင်ထားပြီး အရွယ်ကြီး 4,500mAh ဘက်ထရီ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Ref : gizmochina

[Zawgyi]

Huawei က Mate X အတြက္ EMUI 10 Open Beta ကို ျဖန႔္ခ်ိ

Huawei က Foldable ဖုန္း ျဖစ္တဲ့ Mate X အတြက္ EMUI 10 Open Beta ကို ျဖန႔္ခ်ိေပးလိုက္ပါတယ္။ Beta Program မွာ ပါဝင္ခ်င္သူေတြဟာ Service App ကို သြားၿပီး EMUI 10 အတြက္ Beta Build ကို Early Adopters Update ကေန ရယူႏိုင္ပါတယ္။ Program မွာ ပါဝင္ဖို႔အတြက္ ေနာက္ဆုံးထုတ္ Service App ကို ထည့္သြင္းထားဖို႔ လိုအပ္ပါတယ္။

Open Beta Program ဟာ တည္ၿငိမ္မႈ မရွိဘဲ Bugs ေတြ မ်ားႏိုင္ပါတယ္။ အဲဒီအတြက္ အေရးႀကီးတဲ့ ေဒတာေတြကို Backup ျပဳလုပ္ထားသင့္ပါတယ္။ Huawei က ဒီႏွစ္ ေဖေဖာ္ဝါရီလနဲ႔ မတ္လအတြင္းမွာ EMUI 10 Update ျဖန႔္ခ်ိေပးမယ့္ စာရင္းကို အရင္က ေၾကညာထားၿပီးပါၿပီ။ ေဖေဖာ္ဝါရီလထဲမွာ ရမယ့္ Device ေတြထဲမွာ Nova 5, Nova 5i Pro, Nova 5z နဲ႔ Honor 20S တို႔ ပါဝင္ပါတယ္။ မတ္လ အေစာပိုင္းမွာ Nova 5i, Huawei Enjoy 10S နဲ႔ Honor 20 Youth Edition တို႔ ရရွိၾကမွာပါ။

Mate X ဟာ Huawei ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ ေရာင္းခ်ခဲ့ၿပီး ၈ လက္မ Flexible OLED မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ Huawei ရဲ႕ ကုမြဏီခြဲ HiSilicon က ထုတ္ထားတဲ့ Kirin 980 SoC ေမာင္းႏွင္ထားၿပီး အ႐ြယ္ႀကီး 4,500mAh ဘက္ထရီ ပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လုံး ထည့္သြင္းထားပါတယ္။

Ref : gizmochina