[Zawgyi]

ေဘက်င္းမွာ မၾကာခင္က ျပဳလုပ္ခဲ့တဲ့ Huawei ရဲ႕ သတင္းစာ ရွင္းလင္းပြဲမွာ Mobile division CEO ျဖစ္တဲ့ Richard Yu က သူတို႔ရဲ႕ ကုမၸဏီဟာ ဒီႏွစ္အတြင္းမွာ စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ေနတဲ့ ကမာၻ႔ နံပါတ္တစ္ စမတ္ဖုန္းကုမၸဏီ ျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

“အေမရိကန္ေဈးကြက္ကို မရရွိခဲ့ရင္ေတာင္မွ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ေဈးကြက္မွာ နံပါတ္တစ္ ျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္ယုံၾကည္ထားတာကေတာ့ ဒီႏွစ္ရဲ႕ အေစာပိုင္းကာလမွာကတည္းက ျဖစ္လာႏိုင္ပါတယ္။ ေနာက္အက်ဆုံးဆိုရင္လည္း ေနာက္ႏွစ္ေပါ့” လို႔ Richard Yu က Reuters သတင္းဌာနကို ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

Huawei ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ နံပါတ္ႏွစ္ေနရာမွာ ရွိေနပါတယ္။ လက္ရွိ နံပါတ္တစ္ေနရာကို ရယူထားတာကေတာ့ Samsung ပါ။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အေစာပိုင္းတုန္းက Huawei ဟာ Samsung နဲ႔ Apple တို႔ေနာက္ တတိယေနရာမွာပဲ ရွိခဲ့တာပါ။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာေတာ့ Apple ကို ေက်ာ္ျဖတ္ၿပီး ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ ၂၀၁၉ ခုႏွစ္အတြင္းမွာေတာ့ သူတို႔ရဲ႕ ျပင္းျပင္းထန္ထန္ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ နံပါတ္တစ္ေနရာကို ရယူသြားႏိုင္မယ္လို႔ Yu က ယုံၾကည္ေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္တုန္းက Huawei ဟာ စမတ္ဖုန္းအလုံးေရ ၂၀၈ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ခဲ့ရပါတယ္။ ဒါဟာ ၂၀၁၇ ခုႏွစ္တုန္းက တင္ပို႔ေရာင္းခ်ခဲ့ရတဲ့ ၁၅၃ သန္းနဲ႔ႏႈိင္းယွဥ္ရင္ ႀကီးမားတဲ့ ပမာဏအျဖစ္ ၃၅ ရာခိုင္ႏႈန္း တိုးတက္လာခဲ့တာကို ေတြ႕ျမင္ရပါတယ္။

လက္ရွိအခ်ိန္မွာ Huawei ဟာ အေမရိကန္အပါအဝင္ အျခားဥေရာပႏိုင္ငံအခ်ိဳ႕မွာ ပိတ္ပင္တားဆီးျခင္းေတြခံထားရေပမယ့္ စမတ္ဖုန္းေရာင္းခ်မႈအပိုင္းမွာေတာ့ ကမာၻ႔ေဈးကြက္အေတာ္မ်ားမ်ားကို ထိုးေဖာက္ ခ်ဲ႕ထြင္ႏိုင္ေျခ ရွိပါေသးတယ္။ ဒါေၾကာင့္ သုံးစြဲသူေတြရဲ႕ ေက်နပ္အားေပးမႈနဲ႔အတူ ကမာၻ႔နံပါတ္တစ္ေနရာကို ရယူသြားမယ္လို႔ Yu က ႀကဳံးဝါးခဲ့တာပဲ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

၂၀၁၉ မှာ စမတ်ဖုန်းဈေးကွက်ကိုဦးဆောင်နေတဲ့ ကမ္ဘာ့နံပါတ် တစ် ဖြစ်လာမယ်လို့ Huawei ကြုံးဝါး

ဘေကျင်းမှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ Huawei ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Mobile division CEO ဖြစ်တဲ့ Richard Yu က သူတို့ရဲ့ ကုမ္ပဏီဟာ ဒီနှစ်အတွင်းမှာ စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတဲ့ ကမ္ဘာ့ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“အမေရိကန်ဈေးကွက်ကို မရရှိခဲ့ရင်တောင်မှ ကျွန်တော်တို့ဟာ ကမ္ဘာ့ဈေးကွက်မှာ နံပါတ်တစ် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ယုံကြည်ထားတာကတော့ ဒီနှစ်ရဲ့ အစောပိုင်းကာလမှာကတည်းက ဖြစ်လာနိုင်ပါတယ်။ နောက်အကျဆုံးဆိုရင်လည်း နောက်နှစ်ပေါ့” လို့ Richard Yu က Reuters သတင်းဌာနကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Huawei ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ်နှစ်နေရာမှာ ရှိနေပါတယ်။ လက်ရှိ နံပါတ်တစ်နေရာကို ရယူထားတာကတော့ Samsung ပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းတုန်းက Huawei ဟာ Samsung နဲ့ Apple တို့နောက် တတိယနေရာမှာပဲ ရှိခဲ့တာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှာတော့ Apple ကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ သူတို့ရဲ့ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုတွေကြောင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ်တစ်နေရာကို ရယူသွားနိုင်မယ်လို့ Yu က ယုံကြည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက Huawei ဟာ စမတ်ဖုန်းအလုံးရေ ၂၀၈ သန်းကျော် တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်တုန်းက တင်ပို့ရောင်းချခဲ့ရတဲ့ ၁၅၃ သန်းနဲ့နှိုင်းယှဉ်ရင် ကြီးမားတဲ့ ပမာဏအဖြစ် ၃၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တာကို တွေ့မြင်ရပါတယ်။

လက်ရှိအချိန်မှာ Huawei ဟာ အမေရိကန်အပါအဝင် အခြားဥရောပနိုင်ငံအချို့မှာ ပိတ်ပင်တားဆီးခြင်းတွေခံထားရပေမယ့် စမတ်ဖုန်းရောင်းချမှုအပိုင်းမှာတော့ ကမ္ဘာ့ဈေးကွက်အတော်များများကို ထိုးဖောက် ချဲ့ထွင်နိုင်ခြေ ရှိပါသေးတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ကျေနပ်အားပေးမှုနဲ့အတူ ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူသွားမယ်လို့ Yu က ကြုံးဝါးခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Android Authority