Unicode

လက်ရှိပြုလုပ်နေတဲ့ CES 2020 Event မှာ Samsung CEO ကနေ Samsung ရဲ့ ပထမဆုံး Foldable Phone ဖြစ်တဲ့ Galaxy Fold ကို အလုံးရေ ၄ သိန်းကျော်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက ဘယ်လိုပဲ Error တွေတက်ခဲ့ပါစေ Foldable Phone တွေကို ဝယ်ယူတဲ့သူတွေရှိသေးတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပြီး အခုလည်း Huawei ကနေ အလားတူကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

Huawei ကတော့ သူ့ရဲ့ Foldable Phone ဖြစ်တဲ့ Huawei Mate X ကို ဘယ်နှလုံးရောင်းချထားပြီးပြီလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် စတင်ရောင်းချတဲ့အချိန်ကစတင်ပြီးတော့ တစ်လကို အလုံးရေ ၁ သိန်းခန့်ရောင်းချခဲ့ပြီးပြီလို့ပဲ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Huawei ဟာ ဒီ Mate X Foldable Phone ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့အတွက် အခုအချိန်အထိဆိုရင် စုစုပေါင်း အလုံးရေ ၂ သိန်းဝန်းကျင်အထိ ရောင်းချပြီးပြီလို့ ယူဆလို့ရပါတယ်။ လောလောဆယ်မှာ Huawei Mate X ဟာ တရုတ်နိုင်ငံအတွင်းမှာပဲ ရောင်းချနေသေးတဲ့အတွက် နောက်ပိုင်း တခြားနိုင်ငံတွေကိုပါ ရောင်းချမယ်ဆိုရင်တော့ အခုထက် ပမာဏပိုပြီးများပြားလာနိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Fold ရော Huawei Mate X ရော လက်ရှိစျေးနှုန်းတွေအရ ဒေါ်လာ ၂,၀၀၀ ဝန်းကျင်ရှိနေတဲ့အတွက် ဒီနှစ်ထဲမှာ ပိုပြီးစျေးသက်သာတဲ့ Foldable Phone တွေထွက်ရှိလာမယ်ဆိုရင်တော့ ဒီ Foldable Phone တွေကို ဝယ်ယူသူပိုပြီးများပြားလာမှာသေချာပါတယ်။

Ref – GSM Arena

Zawgyi

လက္ရွိျပဳလုပ္ေနတဲ့ CES 2020 Event မွာ Samsung CEO ကေန Samsung ရဲ႕ ပထမဆုံး Foldable Phone ျဖစ္တဲ့ Galaxy Fold ကို အလုံးေရ ၄ သိန္းေက်ာ္ေရာင္းခ်ခဲ့ရၿပီးျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါက ဘယ္လိုပဲ Error ေတြတက္ခဲ့ပါေစ Foldable Phone ေတြကို ဝယ္ယူတဲ့သူေတြရွိေသးတယ္ဆိုတာကို ျပသခဲ့တာျဖစ္ၿပီး အခုလည္း Huawei ကေန အလားတူေၾကညာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။

Huawei ကေတာ့ သူ႔ရဲ႕ Foldable Phone ျဖစ္တဲ့ Huawei Mate X ကို ဘယ္ႏွလုံးေရာင္းခ်ထားၿပီးၿပီလဲဆိုတာကိုေတာ့ အတိအက်ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ စတင္ေရာင္းခ်တဲ့အခ်ိန္ကစတင္ၿပီးေတာ့ တစ္လကို အလုံးေရ ၁ သိန္းခန္႔ေရာင္းခ်ခဲ့ၿပီးၿပီလို႔ပဲ ေၾကညာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ Huawei ဟာ ဒီ Mate X Foldable Phone ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ စတင္ေရာင္းခ်ခဲ့တဲ့အတြက္ အခုအခ်ိန္အထိဆိုရင္ စုစုေပါင္း အလုံးေရ ၂ သိန္းဝန္းက်င္အထိ ေရာင္းခ်ၿပီးၿပီလို႔ ယူဆလို႔ရပါတယ္။ ေလာေလာဆယ္မွာ Huawei Mate X ဟာ တ႐ုတ္ႏိုင္ငံအတြင္းမွာပဲ ေရာင္းခ်ေနေသးတဲ့အတြက္ ေနာက္ပိုင္း တျခားႏိုင္ငံေတြကိုပါ ေရာင္းခ်မယ္ဆိုရင္ေတာ့ အခုထက္ ပမာဏပိုၿပီးမ်ားျပားလာႏိုင္မယ္လို႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ Samsung Galaxy Fold ေရာ Huawei Mate X ေရာ လက္ရွိေစ်းႏႈန္းေတြအရ ေဒၚလာ ၂,၀၀၀ ဝန္းက်င္ရွိေနတဲ့အတြက္ ဒီႏွစ္ထဲမွာ ပိုၿပီးေစ်းသက္သာတဲ့ Foldable Phone ေတြထြက္ရွိလာမယ္ဆိုရင္ေတာ့ ဒီ Foldable Phone ေတြကို ဝယ္ယူသူပိုၿပီးမ်ားျပားလာမွာေသခ်ာပါတယ္။

Ref – GSM Arena