[Zawgyi]

ထရမ့္အစိုးရရဲ႕ အမိန႔္အာဏာနဲ႔အတူ Google ဟာ Android OS ကို Huawei device ေတြမွာ ထည့္သြင္းျခင္းကို ပိတ္ပင္ခဲ့ပါတယ္။ တ႐ုတ္အေျခစိုက္နည္းပညာကုမၸဏီႀကီးကေတာ့ သူတို႔အေနနဲ႔ Android ကို မသုံးရလည္း ျပႆနာမရွိဘဲ ကိုယ္ပိုင္ OS တစ္ခုျဖစ္တဲ့ HongMeng OS ကို အသုံးျပဳမယ္လို႔ ေၾကညာခဲ့ပါတယ္။

Huawei ရဲ႕ ေျပာဆိုမႈေနာက္ပိုင္း စမတ္ဖုန္းနယ္ပယ္မွာ HongMeng OS ဟာ မီးေရာင္ေအာက္ကို တစ္ခါျပန္ၿပီး ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိအေျခအေနအရ Google ရဲ႕ ဖိအားေပးမႈေၾကာင့္ Huawei ဟာ သူ႔ရဲ႕စမတ္ဖုန္းေတြ ေဈးကြက္ထဲမွာ ဆက္လက္ရွင္သန္ဖို႔အတြက္ ကိုယ္ပိုင္ OS ကို မျဖစ္မေန အသုံးျပဳရေတာ့မယ့္ အေျခအေနလည္း ျဖစ္ပါတယ္။

China Daily ကေန ေဖာ္ျပထားတဲ့သတင္းအရ Huawei ဟာ သူတို႔ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ HongMeng OS ထည့္သြင္းထားတဲ့ Device ေပါင္း ၁ သန္းကို ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ တ႐ုတ္ကုမၸဏီႀကီးက ဒီ Device ေတြကို ေဈးကြက္ထဲထည့္ဖို႔ အဆင္သင့္ ျဖစ္မျဖစ္ဆိုတာ မေသခ်ာေသးဘဲ၊ စမ္းသပ္ဖို႔ျပင္ဆင္ေနတယ္လို႔ပဲ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

HongMeng OS ဟာ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက စတင္လုပ္ေဆာင္ေနခဲ့တဲ့ လုပ္ငန္းစီမံခ်က္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စမ္းသပ္ဆဲ OS တစ္ခုအျဖစ္သာ သိရွိထားၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ကေတာ့ “HongMeng” ကုန္အမွတ္တံဆိပ္ဟာ ကေနဒါ၊ ဥေရာပ၊ ေတာင္ကိုရီးယားနဲ႔ မကၠဆီကို စတဲ့ ေဈးကြက္အခ်ိဳ႕မွာ ရွိႏွင့္ေနၿပီးသား ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေမလ ေနာက္ဆုံးပတ္မွာေတာ့ Huawei ARK OS အမည္နဲ႔ EUIPO (ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) မွာ မွတ္ပုံတင္ထားတာ ေတြ႕ခဲ့ရေပမယ့္ ဇြန္လ ဒုတိယပတ္ထဲမွာေတာ့ HongMeng OS ဆိုတဲ့အမည္ကို တ႐ုတ္ျပည္တြင္းမွာပဲ အသုံးျပဳမွာျဖစ္ၿပီး ျပည္ပေဈးကြက္အတြက္ေတာ့ Oak OS ဆိုတဲ့ အမည္နဲ႔ အသုံးျပဳမယ္ဆိုတဲ့သတင္း ထြက္ေပၚလာခဲ့ပါတယ္။

Ref: GSMArena

[Unicode]

စမ်းသပ်ဖို့ HongMeng OS နဲ့ Device ပေါင်း တစ်သန်းအထိ ထုတ်လုပ်လိုက်တဲ့ Huawei

ထရမ့်အစိုးရရဲ့ အမိန့်အာဏာနဲ့အတူ Google ဟာ Android OS ကို Huawei device တွေမှာ ထည့်သွင်းခြင်းကို ပိတ်ပင်ခဲ့ပါတယ်။ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးကတော့ သူတို့အနေနဲ့ Android ကို မသုံးရလည်း ပြဿနာမရှိဘဲ ကိုယ်ပိုင် OS တစ်ခုဖြစ်တဲ့ HongMeng OS ကို အသုံးပြုမယ်လို့ ကြေညာခဲ့ပါတယ်။

Huawei ရဲ့ ပြောဆိုမှုနောက်ပိုင်း စမတ်ဖုန်းနယ်ပယ်မှာ HongMeng OS ဟာ မီးရောင်အောက်ကို တစ်ခါပြန်ပြီး ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ Google ရဲ့ ဖိအားပေးမှုကြောင့် Huawei ဟာ သူ့ရဲ့စမတ်ဖုန်းတွေ ဈေးကွက်ထဲမှာ ဆက်လက်ရှင်သန်ဖို့အတွက် ကိုယ်ပိုင် OS ကို မဖြစ်မနေ အသုံးပြုရတော့မယ့် အခြေအနေလည်း ဖြစ်ပါတယ်။

China Daily ကနေ ဖော်ပြထားတဲ့သတင်းအရ Huawei ဟာ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HongMeng OS ထည့်သွင်းထားတဲ့ Device ပါင်း ၁ သန်းကို ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီကြီးက ဒီ Device တွေကို ဈေးကွက်ထဲထည့်ဖို့ အဆင်သင့် ဖြစ်မဖြစ်ဆိုတာ မသေချာသေးဘဲ၊ စမ်းသပ်ဖို့ပြင်ဆင်နေတယ်လို့ပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။

HongMeng OS ဟာ ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်လုပ်ဆောင်နေခဲ့တဲ့ လုပ်ငန်းစီမံချက်ဖြစ်ပြီး လက်ရှိအချိန်ထိ စမ်းသပ်ဆဲ OS တစ်ခုအဖြစ်သာ သိရှိထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကတော့ “HongMeng” ကုန်အမှတ်တံဆိပ်ဟာ ကနေဒါ၊ ဥရောပ၊ တောင်ကိုရီးယားနဲ့ မက္ကဆီကို စတဲ့ ဈေးကွက်အချို့မှာ ရှိနှင့်နေပြီးသား ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်မှာတော့ Huawei ARK OS အမည်နဲ့ EUIPO (ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) မှာ မှတ်ပုံတင်ထားတာ တွေ့ခဲ့ရပေမယ့် ဇွန်လ ဒုတိယပတ်ထဲမှာတော့ HongMeng OS ဆိုတဲ့အမည်ကို တရုတ်ပြည်တွင်းမှာပဲ အသုံးပြုမှာဖြစ်ပြီး ပြည်ပဈေးကွက်အတွက်တော့ Oak OS ဆိုတဲ့ အမည်နဲ့ အသုံးပြုမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

Ref: GSMArena