Huawei TalkBand B6 ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်ခဲ့ပြီး Fitness Tracker လိုရော Bluetooth Headset လိုပါ အသုံးပြုနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ အခုတော့ Huawei TalkBand B6 ရဲ့ ဓါတ်ပုံတွေ ပိုမို ထွက်ပေါ်လာပါတယ်။

အခုဓါတ်ပုံ အသစ်တွေအရ TalkBand B6 အတွက် အရောင် ၄ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Steel Version , Leather Version , အနက်နဲ့  အနီရောင် Silicone Version  ၂ မျိုးတို့ ဖြစ်ပါတယ်။ Steel လက်ပတ် Version ကလွဲပြီး ကျန် ၃ မျိုးဟာ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

Huawei TalkBand B6 မှာ ၁.၅၃ လက်မ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Voice Assistant နဲ့ FIRSTBEAT Professional Sports Coach ပါပါတယ်။ ၂၄ နာရီ အချိန်ပြည့် နှလုံးခုန်နှုန်း တိုင်းတာတာ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ ၊ အိပ်စက်မှု အခြေအနေတွေကို တွက်ချက်တာတွေ လုပ်ဆောင်ပေးနိုင်ပြီး App Notification တွေကို ပြသပေးပါတယ်။

Huawei TalkBand B6 မှာ Huawei TWS နားကြပ်နဲ့ စမတ်နာရီတွေမှာလို Kirin A1 Chip မောင်းနှင်ထားပြီး Bluetooth ဆက်သွယ်မှု ပိုကောင်းလာသလို စွမ်းအင် ချွေတာရာမှာ ပိုမိုက်လာပါတယ်။ Bluetooth 5.2 ထောက်ပံ့ထားပြီး မီတာ ၁၅၀ အတွင်း အလုပ်လုပ်ပါတယ်။ USB-C ကနေ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါလာပြီး မိနစ် အနည်းငယ်အားသွင်းရုံနဲ့ ၄ နာရီလောက် ဖုန်း ပြောနိုင်ပါတယ်။

Ref : gizmochina