HUAWEI ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက Smart Band အတွင်းမှာ ဖုန်းပြောနိုင်တဲ့ Bluetooth Earpiece ပါဝင်တဲ့ Talkband B1 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အလားတူ Talkband Generation တွေအများအပြားကို ထပ်မံထုတ်လုပ်ခဲ့ပါသေးတယ်။

အခုလည်း HUAWEI ကနေ Smartwatch အတွင်းမှာ True Wireless (TWS) Earbuds ကို ထည့်သွင်းထားမယ့် Smartwatch အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ HUAWEI ကတော့ အဆိုပါ Smatwatch ကို HUAWEI Watch Buds လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

ပေါက်ကြားလာတဲ့ Teaser Video အရတော့ HUAWEI Watch Buds အတွင်းမှာ Earbuds တွေကို ထည့်သွင်းသိမ်းဆည်းထားရမှာဖြစ်ပြီး Earbuds တွေရဲ့ Battery ပမာဏကိုပါ Watch Display မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သိမ်းဆည်းထားတဲ့အချိန်မှာ Earbuds တွေကိုပါ အားသွင်းပေးနိုင်ဖွယ်ရှိပါတယ်။

အခုလိုမျိုး Smartwatch အတွင်းမှာ TWS Earbuds ကို ထည့်သွင်းပေးထားတာက အသုံးဝင်တယ်လို့ ဆိုနိုင်ပေမယ့် တစ်ဖက်မှာတော့ လက်ရှိအချိန်အထိ Smartwatch တွေမှာ Battery အားမခံတဲ့ပြဿနာကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် Earbuds ကိုပါ အားသွင်းပေးရမယ်ဆိုရင် HUAWEI Watch Buds က Battery အားဘယ်လောက်ထိ အသုံးပြုနိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena