Huawei ဟာ အခုအချိန်မှာ Foldable စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်နိုင်ခြင်းမရှိတာ အချိန်အတော်ကြာပြီလို့ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Huawei Mate X2 နာမည်နဲ့ Foldable ဖုန်းအသစ်ကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့်လည်း အခုအချိန်အထိ မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း Weibo စာမျက်နှာမှာ Chinese Leakster တစ်ဦးရဲ့ ပြောကြားချက်အရတော့ Huawei ဟာ လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ Foldable စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဆိုပါ Foldable ဖုန်းအသစ်ဟာ Huawei Mate X2 ဖြစ်လာနိုင်ခြေများနေပါတယ်။

Huawei Mate X2 စမတ်ဖုန်းဟာ Design ပိုင်းကို အဓိက Improve ပြုလုပ်ထားသလိုမျိုး 5nm Architecture ကိုအခြေခံထားတဲ့ Kirin 9000 Chipset ကိုလည်းအသုံးပြုထားမယ်လို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ နည်းပညာအသစ်အဆန်းတွေကိုပါ ပထမဆုံးအနေနဲ့ ထည့်သွင်းအသုံးပြုထားတယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

Huawei Mate X2 စမတ်ဖုန်းဟာ Design ပိုင်းမှာ Samsung Galaxy Fold ဖုန်းတွေလိုမျိုး Display ကို အတွင်းဘက်ကို ခေါက်ချိုးရမှာဖြစ်ပြီး အပြင်ဘက်အတွက် Secondary Display သီးသန့်ပါဝင်လာမယ်လို့ သိရပါတယ်။ အတွင်းဘက် Primary Display အနေနဲ့ကတော့ ဖြန့်ထားတဲ့အချိန်မှာ 8″ Screen Size ရှိမှာဖြစ်ပြီး High Refresh Rate ကိုပါ Support ပြုလုပ်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena