Google Mobile Services မရတဲ့နောက် Huawei ဟာ နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်ရာမှာ အတော်လေး ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ဒီပြဿနာကိုကျော်လွှားနိုင်ဖို့ Huawei-Alternatives တွေကို ဖန်တီးနေခဲ့ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းအရ Huawei ဟာ အနာဂတ် စမတ်ဖုန်းတွေမှာ ပေါ်ပြူလာဖြစ်တဲ့ Android App ၇၀ ကျော်အထိ ကြိုတင်ထည့်သွင်းပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ App စာရင်းကလည်း ဒေသအလိုက် ကွဲပြားပြီး Play Store ရဲ့Top chart ကိုအခြေခံပြီး ပုံမှန် Update တွေလုပ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ Huawei ဟာ လူကြိုက်များ App တွေဖြစ်တဲ့ Facebook ရဲ့ Messenger, Instagram နဲ့ WhatsApp တို့ကိုတောင် ပိတ်ဆို့မှုကြောင့် Pre-install အဖြစ် ယူဆောင်လာပေးနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ဟာ သူတို့ရဲ့ အစီအစဉ်အကြောင်း အရှေ့ဥရောပကဂျာနယ်လစ်တွေကို တံခါးပိတ်ရှင်းလင်းတင်ပြမှုနဲ့ အသိပေးခဲ့ပါတယ်။

Huawei ဟာ သူတို့ရဲ့ ချဉ်းကပ်မှုအသစ်ကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ P40 စီးရီးနဲ့အတူ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Google app suite နေရာမှာအစားထိုးမယ့် Alternatives app ကိုလည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ထပ်ပြီးအသိပေးခဲ့ပါသေးတယ်။

Google Maps နေရာမှာ TomTom Maps ကို အစားထိုးမယ်လို့လည်း ကြေညာထားတဲ့ Huawei ဟာ Google Services ကို ပြန်သုံးခွင့်ရမယ်ဆိုရင်တောင် ပြန်သုံးတော့မှာမဟုတ်ဘူးလို့လည်း ကြွေးကြော်ထားပါသေးတယ်။ Huawei အနေဲ့ Google ရဲ့ ပြိုင်ဘက်ဖြစ်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဆောင်ရွက်သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

Ref: GSM Arena