Huawei က MatePad Pro 12.2” ကို ကြေညာလိုက်ပြီး PaperMatte Display နဲ့ Tandem OLED Panel တပ်ဆင်ထားပါတယ်။ 10,100mAh Battery နဲ့ 100W Wired Charging ပါလာပါတယ်။

Huawei brings MatePad Pro 12.2” with PaperMatte display, Freebuds 6 go global

နာမည်အတိုင်းပဲ တက်ဘလက်မှာ 12.2” Screen ထည့်သွင်းထားပြီး 2,800x1840p Resolution , 3,000 Nits Peak Brightness ပါလာပါတယ်။ PaperMatte Display နည်းပညာကြောင့် တက်ဘလက်ဟာ အလင်းပြန်မှု နည်းပါးပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။

Huawei brings MatePad Pro 12.2” with PaperMatte display, Freebuds 6 go global

Huawei က ထုံးစံအတိုင်း Chipset ကို မပြောပါဘူး။ အဲဒီအတွက် Kirin 9000S Platform ကို သုံးထားမယ်လို့ ယူဆရပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ EMUI နဲ့ ရောင်းချမှာ ဖြစ်ပြီး ထူးခြားတာက တရုတ်မှာ မရောင်းချပါဘူး။

Huawei MatePad Pro 12.2” အတွက် Magnetic Keyboard ကို ထုတ်လုပ်ပေးထားပါတယ်။ 12/256GB Version ကို ၈၅၀ ယူရိုနဲ့ 12/512GB ကို ၁,၀၀၀ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena