Huawei က တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Huawei MatePad လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့နှစ် တရုတ်မှာ ကြေညာခဲ့တဲ့ MatePad Pro ရဲ့ တန်ဖိုးနည်း ဗားရှင်း ဖြစ်ပါတယ်။ MatePad မှာ ၁၀.၄ လက်မ 2000x1200p IPS မျက်နှာပြင် ပါလာပြီး Kirin 810 Chipset မောင်းနှင်ထားပါတယ်။ 18W Fast Charging ပါတဲ့ 7,250mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ USB Type-C Port ပါတဲ့အတွက် အားသွင်းရင် ၊ ဒေတာ ကူးရင် မြန်ပါတယ်။

အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပြီး အနောက်ကင်မရာမှာ Autofocus နဲ့ အရှေ့ ကင်မရာမှာ Fixed Focus ပါလာပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 245.2mm x 154.96mm x 7.35mm ဖြစ်ပြီး အလေးချိန်မှာ ၄၅၀ ဂရမ် ရှိပါတယ်။ ပညာ သင်ကြားရေးအတွက် အထူး ဖန်တီးထားတဲ့ တက်ဘလက် ဖြစ်ပြီး Special Reading Mode ပါလာပါတယ်။

MatePad ရဲ့ EMUI မှာ Multi-window Support ထည့်ထားပြီး Google Services တော့ မပါပါဘူး။ M-Pencil ပါတဲ့အတွက် ပုံဆွဲ၊ စာရေးရင် မိုက်ပါတယ်။ Harman Kardon ရဲ့ စပီကာတွေနဲ့ မိုက်ကရိုဖုန်း ၄ လုံးပါတဲ့အတွက် အသံထွက်က လန်းပါတယ်။ 4/64GB WiFi , 6/128GB WiFi နဲ့ 6/128GB LTE မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး ၁,၈၉၉ ၊ ၂,၁၉၉ နဲ့ ၂,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၈ သောင်း၊ ၄ သိန်း ၄ သောင်းနဲ့ ၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena