Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy Note 20 Series အပြင် Smartwatch အသစ်ဖြစ်တဲ့ Galaxy Watch 3 ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy Watch 3 ဟာ လက်ရှိအချိန်မှာ Android စမတ်ဖုန်းသုံးစွဲသူတွေအတွက် အကောင်းဆုံး Smartwatch တစ်ခုလို့တောင် ပြောနိုင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei ကနေ Mate 40 Series ဖုန်းတွေနဲ့အတူ Huawei Watch GT 2 Pro ကို မိတ်ဆက်သွားဖို့ ရှိနေပြီးတော့ အခုအချိန်မှာ Design အပြင် ပါဝင်လာမယ့် Feature တွေပါ ပေါက်ကြားလာခဲ့ပါတယ်။

Huawei Watch GT 2 Pro ဟာ ယခင် Huawei Watch GT 2 လိုမျိုးပဲ Circular Design ကို အသုံးပြုလာမှာဖြစ်ပေမယ့် Classic နဲ့ Sport ဆိုပြီး Design ၂ မျိုးနဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Design ၂ မျိုးစလုံးဟာ ပြီးခဲ့တဲ့ Watch GT 2 ထက် ပိုပြီးပါးလွှာမယ့်အပြင် ဘေးဘောင်တွေကလည်း ပိုပြီးသေးငယ်မှာဖြစ်ပါတယ်။ ဘေးဘက်မှာတော့ ခလုတ် ၂ ခုပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Watch GT 2 Pro ဟာ Voice Call တွေကိုပါ Support ပြုလုပ်မှာဖြစ်ပြီး ဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာဖြစ်သလို LTE Version အနေနဲ့ပါ မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။ Wireless Charging ကို Support ပြုလုပ်မှာဖြစ်တဲ့အတွက် နှစ်သက်ရာ Wireless Charger တွေနဲ့ ပြန်လည်အားသွင်းနိုင်မယ်လို့ သိရပါတယ်။ Battery Life အနေနဲ့ Huawei ကနေ အများဆုံး ၂ ပတ်အထိ ဆက်တိုက်အသုံးပြုနိုင်မယ်ဆိုပြီး ကြေညာထားတာဖြစ်ပါတယ်။

Huawei Watch GT 2 Pro ဟာ ပုံမှန်အတိုင်းဆိုရင်တော့ လာမယ့်အောက်တိုဘာလအတွင်းမှာ Mate 40 Series နဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ Event တစ်ခုပြုလုပ်သွားဖို့ရှိနေတဲ့အတွက် အဆိုပါ Event မှာ အရင်တရားဝင်မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China