Huawei ကနေ Huawei Developer Conference (HDC) 2020 Event မှာ HarmonyOS 2.0 နဲ့ EMUI 11 Software အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Flagship Gadget တွေလို့ပြောနိုင်တဲ့ Huawei Watch GT2 Pro နဲ့ FreeBuds Pro ANC Earbuds တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

Huawei Watch GT2 Pro ဟာ လက်ရှိအချိန်မှာ Huawei အတွက် အကောင်းဆုံး Smartwatch ဖြစ်လာပြီး 1.39″ OLED Display နဲ့ ဘေးဘက်မှာ Button ၂ ခုပါဝင်မှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ ကိုယ်ပိုင် Kirin A1 Chipset ကိုပဲ 32MB RAM နဲ့ 4GB Storage တွေထည့်သွင်းထားတယ်လို့သိရပါတယ်။ GPS ၊ Compass နဲ့ Music Playback Feature တွေလည်း ပါဝင်မှာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Workout Mode အမျိုးပေါင်း ၁၀၀ ကျော်ပါဝင်သလို Heart Tracking ၊ Sleep ၊ Stress နဲ့ Blood Oxygen တွေကို တိုင်းတာနိုင်တဲ့ TruSeen 4.0+ Feature လည်းပါဝင်မယ်လို့ သိရပါတယ်။

Battery Life အနေနဲ့ကတော့ ပုံမှန်အသုံးပြုမှုတွေအတွက် ၁၄ ရက်ကြာ အသုံးပြုနိုင်မှာဖြစ်ပြီး GPS အသုံးပြုမယ်ဆိုရင် နာရီ ၃၀ နဲ့ သီချင်းနားထောင်မယ်ဆိုရင် ၂၄ နာရီခန့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ၅ မိနစ်အားသွင်းရုံနဲ့ ၁၀ နာရီခန့်အသုံးပြုနိုင်မှာဖြစ်သလို Qi Wireless Charging ကိုပါ Support ပြုလုပ်လာပြီဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Huawei Watch GT2 Pro ဟာ Sport Version ကို €329 (မြန်မာငွေ ၅ သိန်း ၂ သောင်းဝန်းကျင်) နဲ့ Classic Version ကိုတော့ €349 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Huawei FreeBuds Pro အနေနဲ့ကတော့ In-Ear Design နဲ့ပြုလုပ်ထားပြီး 11nm Driver နဲ့ Microphone ၃ လုံးပါဝင်မှာဖြစ်ပါတယ်။ အဓိက Feature အနေနဲ့ကတော့ Active Noise Cancellation Feature ပါဝင်လာမှာဖြစ်ပြီး ANC Level ကိုလည်း အလိုအလျောက်ထိန်းညှိပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Battery Life အနေနဲ့ကတော့ Charging Case အပါအဝင် စုစုပေါင်း နာရီ ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပြီး ANC Feature ကို အသုံးပြုမယ်ဆိုရင်တော့ စုစုပေါင်း နာရီ ၂၀ အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရောင်တွေအနေနဲ့ကတော့ Black ၊ White နဲ့ Silver အရောင်တွေအနေနဲ့ ရွေးချယ်ထားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ €199 (မြန်မာငွေ ၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena