Huawei က Watch GT2 ရဲ့ Sport Version ဖြစ်တဲ့ Watch GT2e ကို ကြေညာလိုက်ပြီး ယူရို ၂၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ရှိပြီး e မော်ဒယ်ဟာ GT2 ရဲ့ 46mm Version ကို အခြေပြု တည်ဆောက်ထားတာပါ။ တူညီတဲ့ ၁.၃၉ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 454x454p Resolution ရှိပါတယ်။

ကွာခြားတာက TPU Wrist Band ပါလာတာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းလာပါတယ်။ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပြီး 5 ATM Water Resistance စံနှုန်း ပါလာပါတယ်။ ၂ ပတ်ကြာ ဘက်ထရီ သက်တမ်းရှိတဲ့အတွက် အရမ်းမိုက်ပြီး Kirin A1 Chipset မောင်းနှင်ထားပါတယ်။ လေ့ကျင့်ခန်းအတွက် GPS Tracking ကို သုံးရင် နာရီ ၃၀ လောက်ခံပါတယ်။ ဘလူးတုကနေ သီချင်းနားထောင်ရင် ဘက်ထရီ သက်တမ်းက ၂၄ နာရီ ဖြစ်ပြီး 4GB Storage ပါတဲ့အတွက် သီချင်း ၅၀၀ လောက် သိမ်းထားနိုင်ပါတယ်။

GT2e က စကိတ်စီးတာ၊ တောင်တက်တာ၊ ရေလှိုင်းစီးတာနဲ့ ကတာ အပါအဝင် လေ့ကျင့်ခန်းမျိုးစုံကို တိုင်းတာပေးနိုင်တာက လန်းပါတယ်။ အေရိုးဗစ် ကစားရင်လည်း သင့်ရဲ့ တိုးတက်မှုတွေကို တွက်ချက်ပေးနိုင်ပါတယ်။ ရေကူးကန်နဲ့ ပင်လယ်မှာ ရေကူးရင်တောင် ဝတ်ဆင်နိုင်ပြီး Huawei TruRelax လုပ်ဆောင်ချက်က အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ဖိစီးမှု လျော့ကျအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တိုင်းတာပေးနိုင်ပါတယ်။

GT2e အတွက် Graphite Black , Lava Red, Mint Green နဲ့ Icy White အရောင်တွေ ထုတ်လုပ်ထားပြီး Huawei က Watch GT2 42mm အတွက် Champagne Gold Edition ကိုလည်း ကြေညာခဲ့ပါတယ်။

Ref : gsmarena