Unicode

Huawei ကနေ Nova Series စမတ်ဖုန်းအသစ်ဖြစ်လာမယ့် Nova 7i စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို မလေးရှားနိုင်ငံမှာပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အဆိုပါ Nova 7i စမတ်ဖုန်းဟာ Huawei အတွက် စမတ်ဖုန်းအသစ်မဟုတ်ဘဲ ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ထားပြီးဖြစ်တဲ့ Huawei Nova 6 SE ကိုပဲ နာမည်ပြောင်းလဲထားတာဖြစ်ပါတယ်။

Huawei Nova 7i စမတ်ဖုန်းမှာ 6.4″ Full HD+ Punch Hole Display ကို အသုံးပြုထားမှာဖြစ်ပြီး Performance ပိုင်းမှာတော့ Kirin 810F Processor ၊ RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 10 ကို အခြေခံထားတဲ့ EMUI 10 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Google Mobile Services အစား Huawei Mobile Services (HMS) ကိုပဲ အသုံးပြုလာမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ပါဝင်မှာဖြစ်ပြီး 48MP Primary Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ 16MP Sensor ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ 4200mAh Battery ပါဝင်မယ့်အပြင် Flagship ဖုန်းတွေလိုမျိုး 40W Huawei SuperCharge Fast Charging နည်းပညာပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီလို Fast Charging ပါဝင်တဲ့အတွက် 0-70% ပြည့်ဖို့ကို မိနစ် ၃၀ ပဲ အချိန်ပေးရမှာပါ။

ဒီလိုမျိုး Huawei Nova 6 SE ရဲ့ Global Version ဖြစ်လာမယ့် Nova 7i ရဲ့ စျေးနှုန်းကိုတော့ မသိရသေးပေမယ့် တရုတ်နိုင်ငံမှာ Nova 6 SE ကို တရုတ်ယွမ်ငွေ ၂,၁၉၉ (မြန်မာငွေ ၄ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Huawei ကေန Nova Series စမတ္ဖုန္းအသစ္ျဖစ္လာမယ့္ Nova 7i စမတ္ဖုန္းကို လာမယ့္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဆိုပါ မိတ္ဆက္ပြဲကို မေလးရွားႏိုင္ငံမွာျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္ အဆိုပါ Nova 7i စမတ္ဖုန္းဟာ Huawei အတြက္ စမတ္ဖုန္းအသစ္မဟုတ္ဘဲ ၿပီးခဲ့တဲ့လတုန္းက တ႐ုတ္ႏိုင္ငံအတြင္းမွာ မိတ္ဆက္ထားၿပီးျဖစ္တဲ့ Huawei Nova 6 SE ကိုပဲ နာမည္ေျပာင္းလဲထားတာျဖစ္ပါတယ္။

Huawei Nova 7i စမတ္ဖုန္းမွာ 6.4″ Full HD+ Punch Hole Display ကို အသုံးျပဳထားမွာျဖစ္ၿပီး Performance ပိုင္းမွာေတာ့ Kirin 810F Processor ၊ RAM 8GB နဲ႔ 128GB Storage ေတြပါဝင္မွာျဖစ္ပါတယ္။ Software ပိုင္းအေနနဲ႔ Android 10 ကို အေျခခံထားတဲ့ EMUI 10 နဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး Google Mobile Services အစား Huawei Mobile Services (HMS) ကိုပဲ အသုံးျပဳလာမွာပါ။

Camera ပိုင္းအေနနဲ႔ကေတာ့ Quad Camera Setup ပါဝင္မွာျဖစ္ၿပီး 48MP Primary Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ႔ 2MP Depth Sensor ေတြပါဝင္မွာျဖစ္ပါတယ္။ Selfie Camera ကိုေတာ့ 16MP Sensor ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

Battery ပိုင္းအေနနဲ႔ 4200mAh Battery ပါဝင္မယ့္အျပင္ Flagship ဖုန္းေတြလိုမ်ိဳး 40W Huawei SuperCharge Fast Charging နည္းပညာပါ ပါဝင္လာမွာျဖစ္ပါတယ္။ ဒီလို Fast Charging ပါဝင္တဲ့အတြက္ 0-70% ျပည့္ဖို႔ကို မိနစ္ ၃၀ ပဲ အခ်ိန္ေပးရမွာပါ။

ဒီလိုမ်ိဳး Huawei Nova 6 SE ရဲ႕ Global Version ျဖစ္လာမယ့္ Nova 7i ရဲ႕ ေစ်းႏႈန္းကိုေတာ့ မသိရေသးေပမယ့္ တ႐ုတ္ႏိုင္ငံမွာ Nova 6 SE ကို တ႐ုတ္ယြမ္ေငြ ၂,၁၉၉ (ျမန္မာေငြ ၄ သိန္း ၆ ေသာင္းဝန္းက်င္) နဲ႔ ေရာင္းခ်ေနတာျဖစ္ပါတယ္။

Ref – GSM Arena