Unicode

နည်းပညာအသစ်တစ်ခုပေါ်လာရင် Flagship ဖုန်းတွေမှာ အရင်မြင်ရပြီးမှ Midrange တန်းကို ဆင်းလာတာ သဘာဝပါပဲ။ Entry-level ဘတ်ဂျက်ဖုန်းတွေမှာတော့ အချို့နည်းပညာတွေဟာ အတော်ကြီးကြာပြီးမှ ရောက်ရှိလာတတ်တာမျိုးပါ။

ဒါပေမယ့် တရုတ်အခြေစိုက် Huawei ကုမ္ပဏီကတော့ ၂၀၂၀ ခုနှစ်မှာ ရေပန်းစားလာမယ့် 5G ဖုန်းအတွက် ကြိုတင်ပြင်ဆင်ထားပုံရပြီး တရုတ်ယွမ် ၁၀၂၉ (ဒေါ်လာ ၁၅၀ / မြန်မာငွေ နှစ်သိန်းတစ်သောင်းကျော်) ဈေးနှုန်းနဲ့ 5G ဖုန်းတွေကို အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၁ အစောပိုင်းမှာ ဈေးကွက်ထဲ ပို့လာပေးမယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ဈေးအပေါဆုံး 5G ဖုန်းဟာ တရုတ်ယွမ် ၂၀၀၀ (မြန်မာငွေ လေးသိန်းကျော်ကျော်) ခန့်ရှိနေပြီး ပုံမှန်ကတော့ ယွမ် ၃၀၀၀ (မြန်မာငွေ ခြောက်သိန်းသုံးသောင်းကျော်) ခန့်ရှိပါတယ်။ ဒါ့ကြောင့် ယွမ် ၁၀၀၀ ဝန်းကျင်နဲ့ 5G ဟန်းဆက်တွေထွက်လာရင် လူတွေပိုပြီးတော့ 5G သုံးနိုင်ဖို့ အထောက်အကူဖြစ်လာမှာပါ။

သိပ်မကြာသေးခင်က ကြေညာလာတဲ့ MediaTek 1000L နဲ့ Snapdragon 765G ချစ်ပ်ဆက်တွေဟာ 5G Modem ထည့်သွင်းနိုင်စွမ်း ပါဝင်ပြီး Midrange ဖုန်းတွေဆီကို 5G ချိတ်ဆက်နိုင်စွမ်းယူဆောင်လာပေးမှာပါ။ လက်ရှိအချိန်မှာတော့ 5G မျိုးဆက်သစ်နက်ဝပ်ဟာ Flagship Feature တစ်ခုဖြစ်နေဆဲပါပဲ။

၂၀၂၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးသိသာစွာပြောင်းလဲလာမယ့် 5G အကူးအပြောင်းကိုတော့ အာရှအခြေစိုက်ကုမ္ပဏီတွေ ဖြစ်တဲ့ Huawei နဲ့ Samsung တို့က ဦးဆောင်နေပြီး မကြာခင်မှာ Apple လည်း ပါဝင်လာမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Samsung ဟာ 5G ဟန်းဆက် ၆.၇ သန်းကို ဈေးကွက်ထဲပို့နိုင်ခဲ့ပြီး Huawei ကတေော့ ၆.၉ သန်းထိ ပို့ပေးနိုင်ခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

နည္းပညာအသစ္တစ္ခုေပၚလာရင္ Flagship ဖုန္းေတြြမွာ အရင္ျမင္ရၿပီးမွ Midrange တန္းကို ဆင္းလာတာ သဘာဝပါပဲ။ Entry-level ဘတ္ဂ်က္ဖုန္းေတြမွာေတာ့ အခ်ဳိ႕နည္းပညာေတြဟာ အေတာ္ႀကီးၾကာၿပီးမွ ေရာက္ရွိလာတတ္တာမ်ဳိးပါ။

ဒါေပမယ့္ တရုတ္အေျခစိုက္ Huawei ကုမၸဏီကေတာ့ ၂၀၂၀ ခုႏွစ္မွာ ေရပန္းစားလာမယ့္ 5G ဖုန္းအတြက္ ႀကိဳတင္ျပင္ဆင္ထားပုံရၿပီး တရုတ္ယြမ္ ၁၀၂၉ (ေဒၚလာ ၁၅၀ / ျမန္မာေငြ ႏွစ္သိန္းတစ္ေသာင္းေက်ာ္) ေစ်းႏႈန္းနဲ႔ 5G ဖုန္းေတြကို အခုႏွစ္ကုန္ပုိင္း ဒါမွမဟုတ္ ၂၀၂၁ အေစာပုိင္းမွာ ေစ်းကြက္ထဲ ပို႔လာေပးမယ္လို႔ ဆုိလုိက္ပါတယ္။

လက္ရွိအခ်ိန္မွာ ေစ်းအေပါဆုံး 5G ဖုန္းဟာ တရုတ္ယြမ္ ၂၀၀၀ (ျမန္မာေငြ ေလးသိန္းေက်ာ္ေက်ာ္) ခန္႔ရွိေနၿပီး ပုံမွန္ကေတာ့ ယြမ္ ၃၀၀၀ (ျမန္မာေငြ ေျခာက္သိန္းသုံးေသာင္းေက်ာ္) ခန္႔ရွိပါတယ္။ ဒါ့ေၾကာင့္ ယြမ္ ၁၀၀၀ ဝန္းက်င္နဲ႔ 5G ဟန္းဆက္ေတြထြက္လာရင္ လူေတြပိုၿပီးေတာ့ 5G သုံးႏုိင္ဖို႔ အေထာက္အကူျဖစ္လာမွာပါ။

သိပ္မၾကာေသးခင္က ေၾကညာလာတဲ့ MediaTek 1000L နဲ႔ Snapdragon 765G ခ်စ္ပ္ဆက္ေတြဟာ 5G Modem ထည့္သြင္းႏုိင္စြမ္း ပါဝင္ၿပီး Midrange ဖုန္းေတြဆီကို 5G ခ်ိတ္ဆက္ႏုိင္စြမ္းယူေဆာင္လာေပးမွာပါ။ လက္္ရွိအခ်ိန္မွာေတာ့ 5G မ်ဳိးဆက္သစ္နက္ဝပ္ဟာ Flagship Feature တစ္ခုျဖစ္ေနဆဲပါပဲ။

၂၀၂၀ ခုႏွစ္မွာ တစ္ကမာၻလုံးသိသာစြာေျပာင္းလဲလာမယ့္ 5G အကူးအေျပာင္းကိုေတာ့ အာရွအေျခစုိက္ကုမၸဏီေတြ ျဖစ္တဲ့ Huawei နဲ႔ Samsung တုိ႔က ဦးေဆာင္ေနၿပီး မၾကာခင္မွာ Apple လည္း ပါဝင္လာမွာပါ။ ၂၀၁၉ ခုႏွစ္အတြင္းမွာ Samsung ဟာ 5G ဟန္းဆက္ ၆.၇ သန္းကို ေစ်းကြက္ထဲပို႔ႏုိင္ခဲ့ၿပီး Huawei ကေတော့ ၆.၉ သန္းထိ ပို႔ေပးႏုိင္ခဲ့ပါတယ္။

Ref – GSM Arena