[Unicode]

Huawei ရဲ့ ဝန်ထမ်းပေါင်း တစ်သိန်းကိုးသောင်းနဲ့အတူ ကုမ္ပဏီကို မောင်းနှင်နေတဲ့ ဥက္ကဋ္ဌ Eric Xu က ၂၀၁၉ ရဲ့ ဒုတိယနှစ်ဝက်မှာ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံးပြသနိုင်ခဲ့ကြောင်း၊ တစ်နှစ်အတွင်း ဒေါ်လာ သန်း ၁၂၀ ရရှိခဲ့ပြီး ဒီအထဲကမှ ၁၈ ရာခိုင်နှုန်းဟာ ၂၀၁၈ ရဲ့ ထိပ်တန်းစာရင်းဝင် ဖုန်းတွေကဖြစ်တယ်လို့ ဆိုပါတယ်။

ပထမနှစ်ဝက်ရဲ့ ဝင်ငွေတိုးတက်မှုဟာ ၂၃ ရာခိုင်နှုန်းရှိခဲ့ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ မေလနောက်ပိုင်းမှာ Huawei ကို ထိခိုက်စေခဲ့ပါတယ်။ အထူးသဖြင့် Mate 30 series နဲ့ Mate X တို့မှာ Google Play ဝန်ဆောင်မှုတွေ တရားဝင် သုံးခွင့်မရတော့ခြင်းက ရောင်းဝယ်ဖောက်ကားမှုမှာ အနည်းငယ် အဟန့်အတား ဖြစ်ခဲ့ရပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာတော့ Google Play ဝန်ဆောင်မှု မရတာက ဘာပြဿနာမှ မဖြစ်ခဲ့ပေမယ့်၊ တရုတ်နိုင်ငံပြင်ပဈေးကွက်မှာတော့ ပြဿနာတစ်ခုလို ဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်အတွက် ပြေလည်မယ့်အဖြေထွက်မလာသေးတာကြောင့် Huawei အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေ လွတ်ကင်းဖို့ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ။

ဒါပေမယ့်လည်း Huawei ရဲ့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာဈေးကွက်အပါအဝင် စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ အလုံးရေပေါင်း သန်း၂၄၀ အထိ ရှိခဲ့ပြီး ၁၆.၅ ရာခိုင်နှုန်း ပိုပြီးတိုးတက်လာခဲ့တာပါ။ ဒီတိုးတက်မှုကတော့ Huawei က ရည်မှန်းထားတဲ့ ကမ္ဘာ့ပထမနေရာဆီရောက်ဖို့ မလုံလောက်သေးပါဘူး။ Samsung ကို ကျော်ဖြတ်ဖို့အတွက် ကြိုးစားရဦးမှာပါ။

“ကုမ္ပဏီ ဆက်လက်ရှင်သန်နေဖို့က ပထမဦးစားပေးပါ။ ပထမနှစ်ဝက်မှာတုန်းက လုပ်ဆောင်နိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ဝက်မှာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပထမနှစ်ဝက်ရဲ့ ဒီမြင့်မားတဲ့ အရှိန်အဟုန်ကြောင့်သာ တစ်နှစ်ပတ်လုံး ဆက်ပြီးတိုးတက်ခဲ့တာပါ” လို့ Eric Xu က ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ၂၀၂၀ ထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် နှေးကွေးလာမယ်လို့တော့ ရှုမြင်ထားကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

Eric Xu ရဲ့ မှတ်ချက်အရ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မကောင်းတဲ့ မန်နေဂျာ ၁၀ ရာခိုင်နှုန်းကို ၂၀၂၀ မှာ အပြောင်းအလဲ လုပ်ဖွယ်ရှိပါတယ်။ ဒါ့အပြင် Huawei ဟာ ၂၀၂၀ မှာ Google ရဲ့ Ecosystem နေရာမှာ အစားထိုးမယ့် ကိုယ်ပိုင် Ecosystem App ကို စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပဈေးကွက်မှာ ဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena

[Zawgyi]

၂၀၂၀ မွာ အေမရိကန္ရဲ႕ ပိတ္ဆိုမႈေတြကို ေျပာင္းလဲမႈေတြျပဳလုပ္ၿပီး ရင္ဆိုင္မယ့္ Huawei

Huawei ရဲ႕ ဝန္ထမ္းေပါင္း တစ္သိန္းကိုးေသာင္းနဲ႔အတူ ကုမၸဏီကို ေမာင္းႏွင္ေနတဲ့ ဥကၠ႒ Eric Xu က ၂၀၁၉ ရဲ႕ ဒုတိယႏွစ္ဝက္မွာ ကုမၸဏီရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေကာင္းဆုံးျပသႏိုင္ခဲ့ေၾကာင္း၊ တစ္ႏွစ္အတြင္း ေဒၚလာ သန္း ၁၂၀ ရရွိခဲ့ၿပီး ဒီအထဲကမွ ၁၈ ရာခိုင္ႏႈန္းဟာ ၂၀၁၈ ရဲ႕ ထိပ္တန္းစာရင္းဝင္ ဖုန္းေတြကျဖစ္တယ္လို႔ ဆိုပါတယ္။

ပထမႏွစ္ဝက္ရဲ႕ ဝင္ေငြတိုးတက္မႈဟာ ၂၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး အေမရိကန္ရဲ႕ ပိတ္ဆို႔မႈဟာ ေမလေနာက္ပိုင္းမွာ Huawei ကို ထိခိုက္ေစခဲ့ပါတယ္။ အထူးသျဖင့္ Mate 30 series နဲ႔ Mate X တို႔မွာ Google Play ဝန္ေဆာင္မႈေတြ တရားဝင္ သုံးခြင့္မရေတာ့ျခင္းက ေရာင္းဝယ္ေဖာက္ကားမႈမွာ အနည္းငယ္ အဟန႔္အတား ျဖစ္ခဲ့ရပါတယ္။

တ႐ုတ္ျပည္တြင္းေဈးကြက္မွာေတာ့ Google Play ဝန္ေဆာင္မႈ မရတာက ဘာျပႆနာမွ မျဖစ္ခဲ့ေပမယ့္၊ တ႐ုတ္ႏိုင္ငံျပင္ပေဈးကြက္မွာေတာ့ ျပႆနာတစ္ခုလို ျဖစ္ခဲ့ရပါတယ္။ လက္ရွိအခ်ိန္ထိလည္း ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးစစ္အတြက္ ေျပလည္မယ့္အေျဖထြက္မလာေသးတာေၾကာင့္ Huawei အတြက္ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈကေန လြတ္ကင္းဖို႔ အခ်ိန္တစ္ခုေတာ့ ေစာင့္ရဦးမွာပါ။

ဒါေပမယ့္လည္း Huawei ရဲ႕ ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာေဈးကြက္အပါအဝင္ စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈဟာ အလုံးေရေပါင္း သန္း၂၄၀ အထိ ရွိခဲ့ၿပီး ၁၆.၅ ရာခိုင္ႏႈန္း ပိုၿပီးတိုးတက္လာခဲ့တာပါ။ ဒီတိုးတက္မႈကေတာ့ Huawei က ရည္မွန္းထားတဲ့ ကမာၻ႔ပထမေနရာဆီေရာက္ဖို႔ မလုံေလာက္ေသးပါဘူး။ Samsung ကို ေက်ာ္ျဖတ္ဖို႔အတြက္ ႀကိဳးစားရဦးမွာပါ။

“ကုမၸဏီ ဆက္လက္ရွင္သန္ေနဖို႔က ပထမဦးစားေပးပါ။ ပထမႏွစ္ဝက္မွာတုန္းက လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ က်န္တဲ့ႏွစ္ဝက္မွာ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ ပထမႏွစ္ဝက္ရဲ႕ ဒီျမင့္မားတဲ့ အရွိန္အဟုန္ေၾကာင့္သာ တစ္ႏွစ္ပတ္လုံး ဆက္ၿပီးတိုးတက္ခဲ့တာပါ” လို႔ Eric Xu က ေျပာပါတယ္။ ဒါ့အျပင္ ကုမၸဏီအေနနဲ႔ ၂၀၂၀ ထဲမွာ ဖြံ႕ၿဖိဳးတိုးတက္မႈ အနည္းငယ္ ေႏွးေကြးလာမယ္လို႔ေတာ့ ရႈျမင္ထားေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္။

Eric Xu ရဲ႕ မွတ္ခ်က္အရ ကုမၸဏီရဲ႕ စြမ္းေဆာင္ရည္မေကာင္းတဲ့ မန္ေနဂ်ာ ၁၀ ရာခိုင္ႏႈန္းကို ၂၀၂၀ မွာ အေျပာင္းအလဲ လုပ္ဖြယ္ရွိပါတယ္။ ဒါ့အျပင္ Huawei ဟာ ၂၀၂၀ မွာ Google ရဲ႕ Ecosystem ေနရာမွာ အစားထိုးမယ့္ ကိုယ္ပိုင္ Ecosystem App ကို စီစဥ္ေနတာ ျဖစ္ပါတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံျပင္ပေဈးကြက္မွာ ဘယ္ေလာက္ထိ အလုပ္ျဖစ္မလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Phone Arena