Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ 5G ကို Support ပြုလုပ်တဲ့ဖုန်းတွေကို စတင်ထုတ်လုပ်ခဲ့သလို ဒီ ၂၀၂၀ ခုနှစ်မှာဆိုရင်လည်း Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ 5G ကို အသုံးပြုနိုင်အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် Chinese စမတ်ဖုန်းထုတ်လုပ်သူတွေက စျေးအသက်သာဆုံး 5G စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြိုင်ဆိုင်နေကြတယ်လို့ ပြောရမှာပါ။

အခုလည်း Huawei ရဲ့ President ဖြစ်တဲ့ Yang Chaobin ကနေ ဒီစျေးသက်သာတဲ့ 5G စမတ်ဖုန်းတွေကို စောင့်မျှော်နေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကို ပြောကြားလိုက်ပါပြီ။ ဒါကတော့ Huawei ကနေ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၁ နှစ်စပိုင်းမှာ ဒေါ်လာ ၁၅၀ ဝန်းကျင် (မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်) ခန့်သာ ကျသင့်မယ့် 5G စမတ်ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ Mobile Processor ထုတ်လုပ်သူတွေဖြစ်တဲ့ Qualcomm နဲ့ MediaTek တို့ကနေ Mid Range 5G Chipset တွေကို မိတ်ဆက်နေတယ်ဆိုပေမယ့် Huawei က ပြောကြားသလိုမျိုး ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ 5G စမတ်ဖုန်းကို ရောင်းချနိုင်တဲ့အဆင့်ထိတော့ ရောက်ရှိသေးခြင်းမရှိပါဘူး။ အဲ့ဒီအတွက် Huawei အနေနဲ့ အဆိုပါ Budget 5G ဖုန်းတွေမှာလည်း ကိုယ်ပိုင် 5G Modem ကိုပဲ အသုံးပြုလာမယ့်ပုံစံပါပဲ။

Huawei အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း 5G စမတ်ဖုန်းတွေကို အလုံးရေ ၆.၉ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီးတော့ လက်ရှိမှာ 5G စမတ်ဖုန်းတွေကို အများဆုံးတင်ပို့ရောင်းချနိုင်တဲ့သူအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ရဲ့ အခုပြောကြားမှုဟာလည်း တကယ်ဖြစ်လာနိုင်ဖို့များနေပါတယ်။

လက်ရှိသိထားတဲ့သတင်းတွေအရ တရုတ်နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေက ဒီနှစ်အတွင်းမှာ 5G စမတ်ဖုန်း စုစုပေါင်း သန်း ၁၅၀ အထိတင်ပို့ရောင်းချနိုင်ဖို့ ခန့်မှန်းထားတာလည်းဖြစ်နေပါတယ်။

Ref – Gizmo China

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မှာာစမတ္ဖုန္းထုတ္လုပ္သူေတြအေနနဲ႔ 5G ကို Support ျပဳလုပ္တဲ့ဖုန္းေတြကို စတင္ထုတ္လုပ္ခဲ့သလို ဒီ ၂၀၂၀ ခုႏွစ္မွာဆိုရင္လည္း Flagship ဖုန္းေတြတင္မဟုတ္ဘဲ Mid Range ဖုန္းေတြမွာပါ 5G ကို အသုံးျပဳႏိုင္ေအာင္ ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။ အထူးသျဖင့္ Chinese စမတ္ဖုန္းထုတ္လုပ္သူေတြက ေစ်းအသက္သာဆုံး 5G စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ၿပိဳင္ဆိုင္ေနၾကတယ္လို႔ ေျပာရမွာပါ။

အခုလည္း Huawei ရဲ႕ President ျဖစ္တဲ့ Yang Chaobin ကေန ဒီေစ်းသက္သာတဲ့ 5G စမတ္ဖုန္းေတြကို ေစာင့္ေမွ်ာ္ေနတဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုကို ေျပာၾကားလိုက္ပါၿပီ။ ဒါကေတာ့ Huawei ကေန လာမယ့္ ၂၀၂၀ ႏွစ္ကုန္ပိုင္း သို႔မဟုတ္ ၂၀၂၁ ႏွစ္စပိုင္းမွာ ေဒၚလာ ၁၅၀ ဝန္းက်င္ (ျမန္မာေငြ ၂ သိန္း ၂ ေသာင္းဝန္းက်င္) ခန္႔သာ က်သင့္မယ့္ 5G စမတ္ဖုန္းေတြကို မိတ္ဆက္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေလာေလာဆယ္မွာ Mobile Processor ထုတ္လုပ္သူေတြျဖစ္တဲ့ Qualcomm နဲ႔ MediaTek တို႔ကေန Mid Range 5G Chipset ေတြကို မိတ္ဆက္ေနတယ္ဆိုေပမယ့္ Huawei က ေျပာၾကားသလိုမ်ိဳး ေဒၚလာ ၁၅၀ ဝန္းက်င္နဲ႔ 5G စမတ္ဖုန္းကို ေရာင္းခ်ႏိုင္တဲ့အဆင့္ထိေတာ့ ေရာက္ရွိေသးျခင္းမရွိပါဘူး။ အဲ့ဒီအတြက္ Huawei အေနနဲ႔ အဆိုပါ Budget 5G ဖုန္းေတြမွာလည္း ကိုယ္ပိုင္ 5G Modem ကိုပဲ အသုံးျပဳလာမယ့္ပုံစံပါပဲ။

Huawei အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းကလည္း 5G စမတ္ဖုန္းေတြကို အလုံးေရ ၆.၉ သန္းအထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီးေတာ့ လက္ရွိမွာ 5G စမတ္ဖုန္းေတြကို အမ်ားဆုံးတင္ပို႔ေရာင္းခ်ႏိုင္တဲ့သူအျဖစ္ရွိေနတာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Huawei ရဲ႕ အခုေျပာၾကားမႈဟာလည္း တကယ္ျဖစ္လာႏိုင္ဖို႔မ်ားေနပါတယ္။

လက္ရွိသိထားတဲ့သတင္းေတြအရ တ႐ုတ္ႏိုင္ငံတြင္း စမတ္ဖုန္းထုတ္လုပ္သူေတြက ဒီႏွစ္အတြင္းမွာ 5G စမတ္ဖုန္း စုစုေပါင္း သန္း ၁၅၀ အထိတင္ပို႔ေရာင္းခ်ႏိုင္ဖို႔ ခန္႔မွန္းထားတာလည္းျဖစ္ေနပါတယ္။

Ref – Gizmo China