“5000 mAh ဘက်ထရီပမာဏ၊ 4GB RAM + 64GB ROM နှင့်အတူ 13MP Triple Camera ကို အသုံးပြုထားသည့် HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ဇွန်လ တစ်ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး တစ်ပတ်အတွင်းမှာပင် လက်လီအရောင်းဆိုင်များတွင် ရောင်းအားအကောင်းဆုံးဖုန်း အဖြစ် စံချိန်သစ် စိုက်ထူနိုင်ခဲ့သည်။
HUAWEI ၏ Y Series အမျိုးအစား စမတ်ဖုန်းများသည် ကင်မရာပိုင်းအရေအသွေး သင့်တင့်ကောင်းမွန်မှု၊ ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း နာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါသည်။ HUAWEI မှ Y Series စမတ်ဖုန်းများအနက်မှ အမျိုးအစားသစ်များ ဖြစ်သော HUAWEI Y5p ၊ HUAWEI Y6p နှင့် HUAWEI Y8p ကို မေလနှောင်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး ဇွန်လ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချလျက်ရှိပါသည်။ စတင်ရောင်းချပြီး တစ်ပတ်အတွင်းမှာပင် ဖုန်းအရောင်းဆိုင်ကြီးများ၏ ထုတ်ပြန်ချက်အရ HUAWEI Y6p နှင့် HUAWEI Y8p များသည် ရောင်းအားအကောင်းဆုံး စာရင်းတွင် အဆင့် (၁) နှင့် အဆင့် (၂) ကို အသီးသီးရယူထားလျက်ရှိပါသည်။
HUAWEI Y6p သည် ၁၇၉၀၀၀ ကျပ်ဖြင့် ပွဲထွက်လာခဲ့သော စမတ်ဖုန်းတစ်လုံးဖြစ်ပြီး လက်ရှိ ၂သိန်းအောက်ဝန်းကျင် ကျသင့်သည့် စမတ်ဖုန်းများထပ် ပိုမိုများပြားသည့် RAM နှင့် Storage ပမာဏဖြစ်သည့် 4GBRAM+64GBROM ပမာဏဖြင့် ထုတ်လုပ်ထားပါသည်။ 8MP Selfie ကင်မရာနှင့်အတူ ကျောဘက်ကင်မရာကို ကင်မရာ၃ လုံးဖြင့် တပ်ဆင်ထုတ်လုပ်ထားပါသည်။ ဘက်ထရီပမာဏကိုလည်း 5000 mAh အထိ မြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်ရူးသွပ်စွာ ဆော့ကစားတတ်ကြသည့် သုံးစွဲသူတို့အတွက် သင့်တော်သည့်အပြင် Power Bank တစ်ခုလိုပါအသုံးပြုနိုင်မှာဖြစ်ပါသည်။ စွမ်းဆောင်ရည်ပိုင်းလည်း သင့်တင့်မျှတမှုရှိပြီး ဈေးနှုန်းအားဖြင့်လည်း သင့်တင့်မျှတမှုကြောင့် အချိန်တိုအတွင်း စိတ်ဝင်စားမှုခံရပြီး တစ်ပတ်အတွင်း ရောင်းအားအကောင်းဆုံး စမတ်ဖုန်း အဖြစ်နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
HUAWEI Y8p တွင်လည်း ယခင် HUAWEI Y Series စမတ်ဖုန်းအမျိုးအစားနှင့်မတူပဲ HUAWEI Y Series ဖုန်းများ အနက် ပထမဦးဆုံး OLED အမျိုးအစား Display ကို အသုံးပြုထားသော စမတ်ဖုန်းအမျိုးအစား တစ်ခုလည်း ဖြစ်ပါသည်။ ၆.၃ လက်မ အရွယ် HUAWEI Dewdrop Display OLED display ကို HUAWEI Y8p တွင် တပ်ဆင်အသုံးပြုထားပြီး Flagship ဖုန်းများတွင် ခံစားရမည့်မြင်ကွင်းအတွေ့အကြုံများကို ခံစားရရှိစေမှာဖြစ်ပါသည်။ ထို့အပြင် OLED display အမျိူးအစား ၏ နောက်ဆက်တွဲ ကောင်းကွက်များ ဖြစ်သည့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ နောက်တစ်ချက်အရလည်း HUAWEI Y8p တွင် HUAWEI ၏ နာမည်ကျော် 48MP AI Triple Camera စနစ်လည်း ပါဝင်လာပြီး 16 MP AI Selfie Camera ကိုလည်း တပ်ဆင်ထားပါသည်။ RAM 6GB နှင့် Internal Storage 128GB ပါဝင်ပြီး Kirin 710 F SOC နှင့်အတူ Android 10 ကို အခြေခံထားသော EMUI 10.1 ကို အသုံးပြုထားပါသည်။ ငွေကျပ် ၃သိန်းဝန်းကျင် ကျသင့်မည့် စမတ်ဖုန်းများအနက် OLED Display နှင့် ပိုမိုများပြားသည့် RAM နှင့် ROM ပမာဏ တို့နှင့် ပွဲထွက်လာခဲ့သောကြောင့်လည်း တစ်ပတ်အတွင်းမှာပင် ရောင်းကားအကောင်းဆုံး စာရင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
HUAWEI Y6p နှင့် HUAWEI Y8p တို့သည် HUAWEI Mobile Services (HMS) ပါဝင်လာပြီး နေ့စဉ်အသုံးပြုနေသော Application များကို HUAWEI App Gallery မှတစ်ဆင့် download ရယူနိုင်မှာဖြစ်ပါသည်။ HUAWEI App Gallery တွင် နေ့စဉ်အသုံးပြုနေသော Application များ၊ Telecom Operator App များနှင့် ပြည်တွင်းတွင် အသုံးအများဆုံး Application များကို စုံစုံလင်လင်နှင့် Download ရယူနိုင်မှာဖြစ်ပါသည်။ ထို့အပြင်လည်း HUAWEI Y6p နှင့် HUAWEI Y8p ကို ဝယ်ယူထားသူများအတွက်သာမက HUAWEI Mobile Services ကို အသုံးပြုသူများအတွက်လည်း အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ထားပါသည်။ HUAWEI AppGallery မှ foodpanda App ကို Download ရယူပြီး စတင်အသုံးပြုသူများအတွက် “HUAWEIAG” promo code ကိုအသုံးပြုပြီး ၃၀၀၀ ကျပ်အထိ လျှော့ဈေး ကို foodpanda မှတစ်ဆင့် ရယူနိုင်ဦးမှာပဲဖြစ်သည်။ အနည်းဆုံး ၆၀၀၀ ကျပ်ဖိုးဝယ်ယူမှုတိုင်းအတွက် အကျုံးဝင်မှာဖြစ်ပြီး ဇွန်လ (၃၀)ရက်နေ့အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။”
Source – HUAWEI