Huawei Consumer Business Group (BG) သည် လူငယ်များအတွက် နည်းပညာသစ်များ ယူဆောင်လာနိုင်သည့် nova Y Series product line ၏ နောက်ဆုံးပေါ် HUAWEI nova Y70 အားမိတ်ဆက်ခဲ့သည်။ nova Y Series ၏ အကောင်းမွန်ဆုံးနည်းပညာများကို ဆက်ခံကာ HUAWEI nova Y70 တွင် 6.75-inch HUAWEI FullView Display၊ ကြီးမားသော 6000mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge solution၊ 128GB large storage နှင့် အကောင်းမွန်ဆုံး EMUI 12 တို့ထည့်သွင်းထားသည်။

6000mAh long-lasting battery for a worry-free experience

HUAWEI nova Y70 သည် HUAWEI Y series ၏ တာရှည်ခံဘက်ထရီသက်တမ်းကို အမွေဆက်ခံထားသည်။ ၄င်းတွင် ကြီးမားသော 6000 mAh (typical value) ဘက်ထရီကို တပ်ဆင်အသုံးပြုပေးထားသည့်အတွက် ဘက်ထရီအားကုန်မည်ကို စိုးရိမ်စရာမလိုဘဲ ကြာရှည်ခံသော ဘက်ထရီသက်တမ်းကိုခံစားနိုင်မည်ဖြစ်သည်။ Huawei ၏ တစ်မူထူးခြားသော AI smart power saving technology ဖြင့် Huawei nova Y70 တွင် စွမ်းအင်သုံးစွဲမှုနယ်ပယ် ၈ ခုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည်။ ၄င်း၏ ဘက်ထရီသက်တမ်းကို ပိုမိုမြင့်တင်ရန် HUAWEI nova Y70 ကို အချိန်ခဏအတွင်း အားသွင်းနိုင်သော 22.5W HUAWEI SuperCharge ဖြင့် ပံ့ပိုးပေးထားပြီး အလွန်ကြာမြင့်သော ဘက်ထရီသက်တမ်းရရှိစေသည်။ ဖုန်းအားသွင်းသည့်အခါ ဘေးကင်းလုံခြုံစေရန်နှင့် ဘက်ထရီသက်တမ်းကောင်းမွန်စေရန်အတွက် 13-layer charge protection system နှင့် အဆင့်မြှင့်တင်ထားသော electrochemical system များကိုလည်း တင်ဆင်ထားပါသည်။ တစ်ပတ်လျှင် နှစ်ကြိမ်သာ အားသွင်းရန် လိုအပ်ပြီး ဘက်ထရီပမာဏသေးသော အခြားစမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သည်။

App များ၏ အကောင်းမွန်ဆုံး စွမ်းအင်သုံးစွဲနိုင်မှု စွမ်းရည်များကြောင့် HUAWEI nova Y70 သည် အသုံးမပြုသော apps များနှင့် အဓိကမကျသော apps များ၏ စွမ်းအင်သုံးစွဲမှုကို ဖော်ထုတ်ပြီး ပိတ်ပေးနိုင်သည်။ ဖုန်းဘက်ထရီ 5% သာကျန်သည့်အချိန်တွင် Low Battery Mode ဖွင့်ထားပါက ဖုန်းပါဝါမပိတ်ခင်အထိ ၁၂ နာရီကြာဆက်လက် အသုံးပြုနိုင်သည်။ ထို့အပြင် HUAWEI nova Y70 သည် HUAWEI smartwatches၊ bands နှင့် စမတ်ဖုန်းများကဲ့သို့သော ပစ္စည်များအတွက် wired reverse charging ဖြင့် 5V/1A အားကို ထောက်ပံ့ပေးပါသည်။

6.75-inch HUAWEI FullView Display for an immersive visual experience

HUAWEI nova Y70 တွင် 6.75-inch HUAWEI FullView Display ပါ၀င်ပြီး သုံးစွဲသူများကို စွဲမက်ဖွယ် အမြင်အာရုံခံစားမှုဖြင့် ပိုမိုကျယ်ပြန့်သော မြင်ကွင်းကို ယူဆောင်ပေးပါသည်။ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်အချိုးအစား 90.26% နှင့် ကျဥ်မြောင်းသော notch ဒီဇိုင်းကြောင့် မျက်နှာပြင်သည် ရုပ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် ဂိမ်းများအတွက် ပိုမိုကျယ်ပြန့်သော မြင်ကွင်းတွင် အကြောင်းအရာများကို ပိုမိုပြသပေးနိုင်သည်။

သုံးစွဲသူများ၏ မျက်လုံးများအပေါ် ထိခိုက်မှုကို လျှော့ချရန် HUAWEI nova Y70 သည် smart dimming၊ luminous screen နှင့် e-book mode အပါအ၀င် အမျိုးမျိုးသော reading modes များကို ပံ့ပိုးပေးပါသည်။ ‌တောက်ပသော နေ့အလင်းရောင်အောက် သို့မဟုတ် ညနေခင်း အလင်းရောင် မှိန်မှိန်အောက်တွင်ဖြစ်စေ ဖုန်းအားသက်သောင့်သက်သာကြည့်ရှုသုံးစွဲနိုင်မည်ဖြစ်သည်။ ညအချိန် ဖုန်းအသုံးပြုခြင်းအတွက် HUAWEI nova Y70 သည် မျက်နှာပြင်တောက်ပမှုကို လျှော့ချပေးပြီး အရောင်အပူချိန်ကို လျှော့နည်းစေခြင်းဖြင့် မျက်လုံးယားယံခြင်းကို လျှော့ချပေးကာ မျက်လုံးညောင်းညာမှုကို သက်သာစေသောကြောင့် သုံးစွဲသူများ၏ မျက်လုံးများကို ပိုမိုကာကွယ်ပေးသည်။

အရောင်အသွေးနှင့် ဒီဇိုင်းပိုင်းအရ HUAWEI nova Y70 သည် အနုပညာဆန်ပြီးအလွန်ပြောင်မြောက်သည့် nova Y Series ၏ လက္ခဏာရပ်များကို ထပ်မံအမွေဆက်ခံထားသည်။ ၄င်း၏ သေသပ်လှပပြီး လက်ရာမြောက်သောအခုံးဒီဇိုင်းအပြင် စမတ်ဖုန်းအသစ်ကို Pearl White၊ Crystal Blue နှင့် Midnight Black ဟူ၍ သစ်လွင်သောအရောင် ၃ မျိုးဖြင့် လူငယ်များ၏ ဖက်ရှင်ကျမှုနှင့် အလွယ်တကူ ပေါင်းစပ်လိုက်ဖက် စေနိုင်မည်ဖြစ်သည်။

Lead a smart digital life with large storage and new audio experience

စမတ်ဖုန်းသစ်များ လွှမ်းမိုးနေသည့်ခေတ်တွင် Huawei သည် နောက်ဆုံးပေါ်နည်းပညာတိုးတက်မှုများနှင့် သုံးစွဲသူများကို အကောင်းဆုံးဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဆက်လက်ဆောင်ကြဥ်းပေးနေမည်ဖြစ်သည်။ HUAWEI nova Y70 တွင် MicroSD card ဖြင့်အသုံးပြုပါက 512GB storage အထိအသုံးပြုနိုင်သည်။ ကြီးမားသော Storage Space ရှိခြင်းသည် နေရာလွတ်အတွက် စိတ်ပူနေရခြင်းမှ ကင်း‌ဝေးစေပြီး apps များစွာကို တစ်ချိန်တည်းအသုံးပြုနိုင်ကာချောမွေ့သော အတွေ့အကြုံကို ခံစားရမည်ဖြစ်သည်။

HUAWEI nova Y70 တွင် စိတ်ကြိုက်သီချင်းများ၊ ဗီဒီယိုများနှင့် ဂိမ်းများကို Download လုပ်သည့်အခါ သိုလှောင်မှုပမာဏကို လျှော့ချရန် EROFTS super file compression technology ကိုထည့်သွင်းထားသည်။

HUAWEI nova Y series သည် ကျယ်လောင်အားကောင်းသည့် music သံကို နားဆင်ခံစားနိုင်စေပါသည်။ ၄င်း၏ မျိုးဆက်သစ် HUAWEI nova Y70 တွင် အသံအရည်အသွေးကို ပြန်လည်ချိန်ညှိရန်အတွက် အသစ်မွမ်းမံထားသော HUAWEI SuperSound ကို တပ်ဆင်အသုံးပြုထားသဖြင့် ပို၍ နက်ရှိုင်းသော ဘေ့စ်သံ၊ အလွန်တိုးတက်ကောင်းမွန်သော dynamic range နှင့်အတူ ပိုမိုကြည်လင်ပြတ်သားသော midrange နှင့် ကြည်လင်သောအသံများကိုခံစားနားဆင်နိုင်မည်ဖြစ်သည်။

HUAWEI nova Y70 သည် 3D effects အသံနားဆင်နိုင်သည့် virtual 9.1-channel sky surround sound effect ကို ပံ့ပိုးပေးသောကြောင့် အကောင်းမွန်ဆုံးသော sky channel effect ကို ခံစားနိုင်မည်ဖြစ်သည်။ အသုံးပြုသူသည် သီချင်းနားထောင်သည်ဖြစ်စေ၊ ရုပ်ရှင်ကြည့်သည်ဖြစ်စေ အကောင်းဆုံးသော sound effects များဖြင့် အသံများကို အပြည့်၀ဆုံး ခံစားနိုင်မည်ဖြစ်သည်။

Be your own protagonist in life: selfie beauty front camera along with high-res rear camera

Selfies ပုံရိုက်ခြင်းသည် မျိုးဆက်သစ်လူငယ်များအတွက် ဆက်သွယ်မှုနည်းလမ်းတစ်ခုဖြစ်သည်။ HUAWEI nova Y70 သည် ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသော selfie ပုံများကို ရိုက်ကူးနိုင်သည့် 8MP front camera ကို အဆင့်မြှင့်တင်ထားသည်။ အရှေ့ကင်မရာသည် bokeh effect ကို ပံ့ပိုးပေးပြီး Huawei ၏ ကိုယ်ပိုင်ဖန်တီးထားသော AI Beauty algorithm နှင့်အတူ အသုံးပြုသူ၏ အသက်နှင့် ကျားမစသည့် လက္ခဏာတို့ပေါ် အခြေခံ၍ bespoke beauty effect ကို ဖန်တီးနိုင်သည်။ တစ်ချိန်တည်းတွင် HUAWEI nova Y70 တွင် portraits နှင့် landscapes ပုံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်စေရန် အလင်း၀င်ရောက်နှောင့်ယှက်မှုမရှိပဲ ပိုမိုအသေးစိတ်ကျ ရိုက်ယူနိုင်သည့် HDR backlight imaging technology ကိုလည်း ထည့်သွင်းပေးထားသည်။

အနောက်ကင်မရာအတွက် HUAWEI nova Y70 တွင် 48MP (f/1.8 aperture) High-res Main Camera၊ 120° 5MP Ultra-Wide-Angle Camera နှင့် 2MP Depth Camera အပါအ၀င် AI Triple Camera ကို တပ်ဆင်အသုံးပြုပေးထားသည်။ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသော Huawei algorithms ဖြင့် စွမ်းဆောင်ရည်မြင့် Main Camera သည် Noiseများကို လျှော့ချနိုင်ပြီး dynamic range ကို တိုးမြှင့်ပေးကာ portraits သို့မဟုတ် ရှုခင်းများကို ရိုက်သည်ဖြစ်စေ ရိုက်ချက်တိုင်းသည် အကောင်းဆုံး အရည်အသွေးဖြစ်ကြောင်း သေချာစေသည်။ 120° Ultra-Wide-Angle Camera မှ ရှုခင်းများ သို့မဟုတ် အဖွဲ့လိုက်ဓာတ်ပုံများ ရိုက်ကူးရာတွင် အမှတ်တရတိုင်းကို တစ်ချိန်တည်းရိုက်ကူးနိုင်ရန် ကူညီပေးပါသည်။

သီးခြား Depth Camera သည် အသစ်တီထွင်ဖန်တီးထားသော bokeh algorithm နှင့် တွဲဖက်အလုပ်လုပ်ပြီး အရာဝတ္ထု၏ အကွာအ‌‌‌‌ဝေးနှင့် အတိမ်အနက်ကို တိကျစွာ ရှာဖွေနိုင်သည်။ ရှုခင်း သို့မဟုတ် portraits ပုံများ ရိုက်ကူးရာတွင် ရိုက်ကူးမှု၏ အဓိကဇာတ်ကောင်ကို ထင်ရှားစေပြီး 3D ပုံရိပ်ကို ရရှိစေသည်။

An efficient, convenient, and safe interactive smart living experience with EMUI 12

EMUI 12 သည် Device တစ်ခုနှင့်တစ်ခုအကြား ထိန်းချုပ်နိုင်ရန်နှင့် collaboration လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။ HUAWEI nova Y70 ၏ Super Device Feature တွင် စမတ်ဖုန်း Icon လေးသည် အခြား HUAWEI စမတ်ဖုန်းများ၊ စပီကာများ နှင့် Vision များစသည့် အခြား devices များအကြား အလည်တွင်ရှိနေသည်။ Device နှစ်ခုကို ချိတ်ဆက်သည့်အခါ မိမိချိတ်ဆက်လိုသည့် စမတ်ဖုန်းသို့ ချိတ်ဆက်လိုသော Device ၏ သက်ဆိုင်ရာ Icon အား ဆွဲယူလိုက်ရုံပင်ဖြစ်သည်။ ထို့အပြင် HUAWEI MeeTime သည် EMUI 12 ပါရှိသော HUAWEI nova Y70 တွင် HD နှင့် frame rate မြင့်မားသော ဗီဒီယိုခေါ်ဆိုမှု ၁၂ ခုအထိခေါ်ဆိုနိုင်သည့် multi-calls များကို ထောက်ပံ့ပေးသည်။ အသုံးပြုသူများသည် ကြီးမားသော မျက်နှာပြင်ပေါ်တွင် ဗီဒီယိုခေါ်ဆိုမှုအတွေ့အကြုံကို ခံစားနိုင်ရန် ဖုန်းပေါ်ရှိ MeeTime ခေါ်ဆိုမှုများကို HUAWEI Vision သို့ လွှဲပြောင်းပေးနိုင်ပါသည်။

ထို့အပြင် HUAWEI nova Y70 သည် Easy Mode ကို ထောက်ပံ့ပေးသည်။ Easy Mode ကို ဖွင့်ထားသောအခါ ကြီးမားသောIconများ၊ ဖောင့်များနှင့် အသံအတိုးအကျယ်ပြသမှုတို့ဖြင့် မျက်နှာပြင်ကို ပိုမိုတိကျစေမည်ဖြစ်ပြီး အသုံးပြုသူများသည် အကြောင်းအရာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ပြီး အသုံးပြုရပိုမိုရိုးရှင်းလွယ်ကူစေပါသည်။ ၄င်းအပြင် HUAWEI nova Y70 တွင် ပံ့ပိုးပေးထားသည့် knuckle gestures များသည် သုံးစွဲသူများအတွက် အသုံးပြုရလွယ်ကူပြီး အဆင်ပြေစေသောကြောင့် screenshots များကို ပိုမိုလွယ်ကူစွာ ရိုက်ယူနိုင်စေပါသည်။

HUAWEI AppGallery သည် သုံးစွဲသူများကို ရှာဖွေခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မိုဘိုင်းအပလီကေးရှင်း၀န်ဆောင်မှုများ မျှ‌ဝေခြင်းတို့ကို ပံ့ပိုးပေးသည့် Huawei ၏ တရား၀င် app စျေးကွက်ဖြစ်သည်။ ၄င်းသည် apps များကို ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုနှင့်အတူ စဥ်ဆက်မပြတ်ပံ့ပိုးပေးနေပြီး သုံးစွဲသူများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သုံးစွဲသူများကို ကြွယ်၀သော local apps များ ပံ့ပိုးပေးပါသည်။ တစ်ချိန်တည်းတွင် Huawei ၏ ထူးခြားသော HMS Core သည် All-scenario နှင့် cross-device collaboration တို့ကိုထောက်ပံ့ပေးသည့်အတွက် ပိုမိုအဆင်ပြေလွယ်ကူသော အတွေ့အကြုံများကို ခံစားရမည်ဖြစ်သည်။

HUAWEI AppGallery သည် လုံခြုံ‌ရေးအားနည်းချက်ကို ထောက်လှမ်းပေးခြင်း၊ ကိုယ်ရေးကိုယ်တာ ပေါက်ကြားမှုကို ရှာဖွေပေးခြင်း၊ အန္တရာယ်ရှိသော လုပ်‌ဆောင်ချက်ကို သိရှိစေခြင်းနှင့် လူဖြင့်အမည်ရင်း ပြန်လည်စစ်‌ဆေးခြင်းအပါအ၀င် လုံခြုံရေးလုပ်ဆောင်ချက် လေးခုကိုလည်း ပံ့ပိုးပေးပါသည်။

မျိုးဆက်သစ်လူငယ်များကို ပစ်မှတ်ထားသည့် ထုတ်ကုန်အသစ်အနေဖြင့် အသစ်ထွက်ရှိထားသော HUAWEI nova Y70 တွင်ပြီးပြည့်စုံသော အဆင့်မြှင့်တင်မှုများကိုပြုလုပ်ထားသည်။ ကြီးမားသောမျက်နှာပြင်၊ ကြာရှည်ခံသည့် ဘက်ထရီသက်တမ်းနှင့် ကြီးမားသော သိုလှောင်မှုတို့၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များမှ ပုံရိပ်ဖော်ဆောင်နိုင်စွမ်းများ၊ စမတ်ကျသော အပြန်အလှန်တုံ့ပြန်မှုနှင့် သေသပ်လှပသော အသွင်အပြင်တို့၏ နည်းပညာလိုအပ်ချက်များအထိ HUAWEI nova Y70 သည် သုံးစွဲသူများအား နည်းပညာနှင့် ဖက်ရှင်ကျမှုတို့ ပေါင်းစပ်ထားသည့် အတွေ့အကြုံကို ယူဆောင်ပေးရုံသာမက ရိုးရှင်းသော်လည်း အဆင်ပြေထိရောက်မှုရှိသော၊ ဘေးကင်းပြီး စိတ်ချယုံကြည်နိုင်သောအတွေ့အကြုံများအား ယူဆောင်လာမည်ဖြစ်သည်။

HUAWEI nova Y70 ကို RAM 4 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာနိုင်ငံတွင် Pre-order တင်နိုင်ပြီး မကြာမှီဝယ်ယူရရှိနိုင်တော့မှာဖြစ်သည်။

Press Release – HUAWEI