Huawei က အာရှနဲ့ လက်တင် အမေရိကနိုင်ငံတွေမှာ Huawei Y7a လို့ ခေါ်တဲ့ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အရွယ်ကြီး မျက်နှာပြင် ၊ 48MP ကင်မရာနဲ့ အရွယ်ကြီး ဘက်ထရီတွေက အဲဒီဖုန်းရဲ့ အဓိက အစိတ်အပိုင်းတွေလို့ ဆိုရမှာပါ။

Huawei Y7a မှာ ၆.၆၇ လက်မ IPS LCD Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး Android 10 အခြေပြု EMUI 10.1 Skin အုပ်ထားပါတယ်။ Google Apps နဲ့ Services တွေ မပါဘဲ Huawei AppGallery ပဲ ထည့်ထားပြီး Kirin 710A Chipset မောင်းနှင်ထားပါတယ်။ လက်တင် အမေရိကမှာ 4/64GB ၁ မျိုးပဲ ရွေးချယ်နိုင်ပြီး တချို့နိုင်ငံတွေမှာ 4/128GB Version ကိုပါ ရောင်းချထားပါတယ်။ Storage ကို မြှင့်တင်ဖို့ microSD Card စိုက်နိုင်ပါတယ်။

Huawei Y7a

ကင်မရာတွေ အကြောင်းပြောရရင် 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 22.5W Fast Charging ပါလာပြီး ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက တန်ဖိုးနည်း ဖုန်း ၁ လုံးအတွက် မိုက်ပါတယ်။ 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.1, GPS, USB-C နဲ့ 3.5mm Audio Jack တွေ ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

တကယ်တော့ Huawei Y7a ဟာ ဖုန်း အသစ် မဟုတ်ပါဘူး။ ဗြိတိန်နဲ့ ဩစတြေးလျမှာ Huawei P Smart 2021 နာမည်နဲ့ ရောင်းပေးထားပြီးသားပါ။ Y7a အတွက် Crush Green, Blush Gold နဲ့ Midnight Black ၃ ရောင် ထုတ်လုပ်ထားပြီး 128GB Version ကို မလေးရှားမှာ ၁၉၃ ဒေါ်လာလောက်နဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၂ သိန်းခွဲလောက် ကျသင့်မှာပါ။

Ref : gizmochina