Honor ဟာ လက်ရှိကျင်းပနေတဲ့ IFA 2020 Event မှာ Product အသစ်တွေကို မိတ်ဆက်နေပေမယ့် Huawei ကတော့ ဘာမှမိတ်ဆက်ခြင်းမရှိတဲ့အပြင် Kirin Chipset အသစ်မိတ်ဆက်ဖို့ကိုပါ ပြန်လည်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအတွင်းမှာ Huawei Y9a နာမည်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Huawei Y9a စမတ်ဖုန်းဟာ 6.63″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး လုံးဝ Punch-hole နဲ့ Notch တွေပါဝင်ခြင်းမရှိတဲ့ Full Screen Design ပါဝင်လာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် 16MP Selfie Camera က Pop-up အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

Performance ပိုင်းမှာကတော့ MediaTek ရဲ့ Helio G80 Chipset ကို အသုံးပြုထားပြီး RAM 6GB သို့မဟုတ် 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB Storage ပါဝင်မှာပါ။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ Mid Range ဖုန်းတွေနဲ့ပဲ ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 64MP Quad Camera Setup ကို Mate 30 Pro ပုံစံ Circular Design နဲ့ အသုံးပြုပေးထားတာဖြစ်ပါတယ်။ Sensor တွေအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာပါ။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ Android 10 ကို အသုံးပြုထားမှာဖြစ်ပြီး Fingerprint Sensor ကိုတော့ ဘေးဘက် Power Button မှာပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Battery ပိုင်းမှာကတော့ 4200mAh Battery ပါဝင်မှာဖြစ်ပါတယ်။ USB-C ကိုမှ 40W Fast Charging ကို Support ပြုလုပ်တဲ့အတွက် လက်ရှိ Huawei Y Series ဖုန်းတွေထဲမှာ Charging Speed အမြန်ဆန်ဆုံးဖုန်းဖြစ်လာပြီလို့တောင် ပြောရမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရှိရသေးပေမယ့် Huawei Y Series ဖုန်းတစ်လုံးဖြစ်တဲ့အတွက် တော်တော်လေးကို သက်သာလာနိုင်ပါတယ်။

Ref – Gizmo China