Huawei Enjoy 20 Plus ရဲ့ ဓါတ်ပုံ ၁ ပုံ ပြီးခဲ့တဲ့ ၁ ပတ်က ထွက်ပေါ်ခဲ့ပြီး Notchless မျက်နှာပြင်၊ Pop-up ကင်မရာနဲ့ အနောက်ကင်မရာ ၃ လုံး ပါလာပါတယ်။ အခုလည်း နောက်ထပ် Huawei ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံတွေ ထွက်လာပြန်ပါပြီ။ Huawei Y9a ဖြစ်ပြီး Enjoy 20 Plus နဲ့ ဒီဇိုင်း ဆင်တူပါတယ်။

အဲဒီ ဓါတ်ပုံမှာ Huawei Y9a ရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တချို့ကို ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းမှာ Notchless မျက်နှာပြင်ပါလာပြီး အနောက်ဘက် ကင်မရာတွေကိုစက်ဝိုင်းအကွက်ထဲမှာ ထည့်ထားပါတယ်။ Enjoy 20 Plus နဲ့ မတူတာက အနောက်ကင်မရာ ၄ လုံးပါလာတဲ့အတွက် Flash ကို စက်ဝိုင်းအပြင်ဘက် ထုတ်ထားတာပါ။ Y9a ရဲ့ ပင်မ ကင်မရာက 64MP ဖြစ်ပြီး 8MP ၁ လုံးနဲ့ 2MP ၂ လုံး အပို ထည့်ထားပါတယ်။

Huawei Y9a မှာ 8GB RAM နဲ့ 128GB Storage ထည့်ထားပြီး တခြား Memory Option တွေလည်း ထွက်လာနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 40W SuperCharge Fast Charging ထောက်ပံ့ထားပါတယ်။ အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး နောက်ပိုင်းထုတ် Huawei ဖုန်းတွေမှာလိုပဲ Google Services မပါလာနိုင်ဘဲ Huawei ရဲ့ AppGallery ကနေ App တွေ Download လုပ်ရမှာပါ။

Y9a ရဲ့ တခြား Specs တွေကို မသိရသေးဘဲ Huawei ကလည်း အဲဒီ ဖုန်း အကြောင်းဘာမှ မပြောသေးပါဘူး။ Huawei က အဲဒီဖုန်းရဲ့ ကြော်ငြာတွေကို စတိုးတွေမှာ တပ်ဆင်ထားပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။

Ref : gsmarena