[Unicode]

Huawei က Android 10 အခြေပြု EMUI 10 ထည့်ထားတဲ့ ဖုန်းပေါင်း ၁၀ သန်းကျော်သွားပြီလို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ကမ္ဘာအဝန်းမှာ နောက်ဆုံးထုတ် EMUI 10 ထည့်ထားတဲ့ Device ပေါင်း သန်း ၅၀ ရှိပြီလို့ ဝီဘိုမှာ စံချိန်အသစ်ကို ကြွားလိုက်ပါတယ်။ Huawei က ဒီလအစောပိုင်းမှာ Global Units တွေအတွက် OTA Update ကနေ ဖြန့်ချိပေးခဲ့ပါတယ်။

တရုတ်မှာ EMUI 10 ကို ဩဂုတ်လ ၉ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး System-wide Dark Mode ပါလာပါတယ်။ Interface က တုန့်ပြန်မှု ပိုကောင်းလာပြီး GPU Turbo 3.0 လို စွမ်းရည်မြင့်မားစေတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။ Huawei က EMUI 10 Device တွေဟာ ဖိုင်တွေ ပေးပို့ဖို့နဲ့ Screen Mirroring အတွက် ကွန်ပြူတာတွေနဲ့ မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်တယ်လို့ ပြောပါတယ်။

Huawei ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်းတွေကို အနောက်နိုင်ငံတွေမှာ ရောင်းချထားတာ မရှိပါဘူး။ ဒါပေမယ့်လည်း Huawei ဟာ ၂၀၁၉ မှာ ရောင်းအား အရမ်းကောင်းခဲ့ပြီး ၂၀၁၈ ကထက် ၂၀ ရာခိုင်နှုန်း ရောင်းအား ကောင်းခဲ့သလို ဝင်ငွေကလည်း ၁၈ ရာခိုင်နှုန်းတိုးတက်လာပါတယ်။

Google Services ပါတဲ့ ဖုန်းတွေဟာ Google ရဲ့ ဝန်ဆောင်မှုတွေကို ဆက်သုံးလို့ ရနေသေးပေမယ့် Mate 30 , Honor V30 နဲ့ nova 6 Series တွေမှာ EMUI 10 ပါပေမယ့် Google Services တွေ မပါတော့ပါဘူး။

Ref : gsmarena

[Zawgyi]

Huawei ရဲ႕ EMUI 10 ထည့္ထားတဲ့ Device ေပါင္း သန္း ၅၀ ရွိၿပီ

Huawei က Android 10 အေျချပဳ EMUI 10 ထည့္ထားတဲ့ ဖုန္းေပါင္း ၁၀ သန္းေက်ာ္သြားၿပီလို႔ ၿပီးခဲ့တဲ့ လက ေၾကညာခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ကမာၻအဝန္းမွာ ေနာက္ဆုံးထုတ္ EMUI 10 ထည့္ထားတဲ့ Device ေပါင္း သန္း ၅၀ ရွိၿပီလို႔ ဝီဘိုမွာ စံခ်ိန္အသစ္ကို ႂကြားလိုက္ပါတယ္။ Huawei က ဒီလအေစာပိုင္းမွာ Global Units ေတြအတြက္ OTA Update ကေန ျဖန႔္ခ်ိေပးခဲ့ပါတယ္။

တ႐ုတ္မွာ EMUI 10 ကို ဩဂုတ္လ ၉ ရက္ေန႔မွာ စတင္ မိတ္ဆက္ခဲ့ၿပီး System-wide Dark Mode ပါလာပါတယ္။ Interface က တုန႔္ျပန္မႈ ပိုေကာင္းလာၿပီး GPU Turbo 3.0 လို စြမ္းရည္ျမင့္မားေစတဲ့ နည္းပညာေတြ ထည့္သြင္းထားပါတယ္။ Huawei က EMUI 10 Device ေတြဟာ ဖိုင္ေတြ ေပးပို႔ဖို႔နဲ႔ Screen Mirroring အတြက္ ကြန္ျပဴတာေတြနဲ႔ ျမန္ျမန္ဆန္ဆန္ ခ်ိတ္ဆက္ႏိုင္တယ္လို႔ ေျပာပါတယ္။

Huawei ရဲ႕ ေနာက္ဆုံးထုတ္ စြမ္းရည္ျမင့္ ဖုန္းေတြကို အေနာက္ႏိုင္ငံေတြမွာ ေရာင္းခ်ထားတာ မရွိပါဘူး။ ဒါေပမယ့္လည္း Huawei ဟာ ၂၀၁၉ မွာ ေရာင္းအား အရမ္းေကာင္းခဲ့ၿပီး ၂၀၁၈ ကထက္ ၂၀ ရာခိုင္ႏႈန္း ေရာင္းအား ေကာင္းခဲ့သလို ဝင္ေငြကလည္း ၁၈ ရာခိုင္ႏႈန္းတိုးတက္လာပါတယ္။

Google Services ပါတဲ့ ဖုန္းေတြဟာ Google ရဲ႕ ဝန္ေဆာင္မႈေတြကို ဆက္သုံးလို႔ ရေနေသးေပမယ့္ Mate 30 , Honor V30 နဲ႔ nova 6 Series ေတြမွာ EMUI 10 ပါေပမယ့္ Google Services ေတြ မပါေတာ့ပါဘူး။

Ref : gsmarena