Huawei က Foldable ဖုန်း ဈေးကွက်ကို စိန်ခေါ်တော့မှာ ဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုး ဖုန်းကို မကြာခင် ကြေညာတော့မှာပါ။ Tipster Fixed Focus Digital က အဲဒီဖုန်းကို ၂ လအတွင်း ကြေညာတော့မယ်လို့ ပြောပါတယ်။

Huawei and Samsung - World's First Triple Foldable Phone Rival

သူက အဲဒီ Foldable ဖုန်းဟာ ဈေးကြီးမှာ ဖြစ်ပြီး အကန့်အသတ်နဲ့ပဲ ရောင်းချမယ်လို့ ပြောပါတယ်။ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန် အသစ်တွေဟာ ဈေးနှုန်း မြင့်မားလေ့ရှိတာက သဘာဝ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ နည်းပညာ ရင့်ကျက်လာတဲ့အခါမှာတော့ ဈေးနှုန်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ်က အဲဒီ ၃ ခေါက်ချိုး ဖုန်းဟာ iPad နဲ့ လက်ရှိ Foldable ဖုန်းတွေကိုအစားထိုးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Tipster Fixed Focus Digital က အဲဒီဖုန်းရဲ့ Specs တွေကို မပြောပါဘူး။ ဒါပေမယ့် ဒီလ အစောပိုင်းက ထွက်လာတဲ့ သတင်းအရ Display အရွယ်အစားဟာ ၁၀ လက်မ ဝန်းကျင် ရှိမယ်လို့ သိရပါတယ်။ ဒီဇိုင်းက Hinge ၂ ခု ပါပြီး Display ၃ ခု ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီ ၃ ခေါက်ချိုးဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ တရားဝင် မိတ်ဆက်မယ့် ၂ လ မတိုင်ခင်မှာ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina