Google နဲ့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေဖြစ်တဲ့ iVerify နဲ့ Lookout တို့ဟာ သန်းနဲ့ချီတဲ့ iPhone တွေကို ဟက်နိုင်တဲ့ DarkSword လို့ခေါ်တဲ့ Tool အသစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Tool ဟာ ဗိုင်းရပ်စ်ဝင်နေတဲ့ ဝက်ဘ်ဆိုက်တွေမှာ ပါဝင်နေပြီး အဲဒီဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်မိတာနဲ့ iOS 18 အသုံးပြုထားတဲ့ ဖုန်းတွေကို ချက်ချင်း ဟက်နိုင်စွမ်းရှိပါတယ်။

The Best iPhones We've Tested for 2026 | PCMag

ပုံမှန် သူလျှိုဆော့ဖ်ဝဲတွေနဲ့ မတူဘဲ DarkSword ဟာ ဖုန်းထဲမှာ အထောက်အထား မကျန်စေတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ စနစ်လုပ်ငန်းစဉ်တွေကို ထိန်းချုပ်ပြီး စကားဝှက်တွေ၊ ဓာတ်ပုံတွေ၊ မက်ဆေ့ချ်တွေနဲ့ ခရစ်ပတိုငွေကြေး ပိုက်ဆံအိတ် အချက်အလက်တွေကို ဖုန်းပြန်မပွင့်ခင် အချိန်တိုအတွင်းမှာ အမြန်ခိုးယူသွားတာ ဖြစ်ပါတယ်။

Every iPhone Generation: A Full History of Release Dates

ဒီ Tool ကို ရုရှား နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ သူလျှိုအဖွဲ့တွေက အသုံးပြုခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ Coruna ဆိုတဲ့ ဟက်ကာ Tool နဲ့ ဆက်စပ်မှုရှိနေပါတယ်။ အဆိုးဆုံးကတော့ ဟက်ကာတွေဟာ DarkSword ရဲ့ မူရင်းကုဒ်တွေကို ဝက်ဘ်ဆိုက်တွေပေါ်မှာ အလွယ်တကူ ရယူအသုံးပြုနိုင်အောင် ချန်ထားခဲ့တဲ့အတွက် တခြား ဆိုက်ဘာရာဇဝတ်ကောင်တွေလည်း အလွယ်တကူ ကူးယူအသုံးပြုလာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

လုံခြုံရေးပညာရှင်တွေရဲ့ အဆိုအရ ဒီ Tool ကို ရုရှားဟက်ကာတွေ ကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ဘဲ ဟက်ကာနည်းပညာတွေ ရောင်းဝယ်တဲ့ ပွဲစားကုမ္ပဏီတွေဆီကနေ ဝယ်ယူခဲ့တာလို့ ယူဆရပါတယ်။ အခုလို အဆင့်မြင့် iPhone ဟက်ကာနည်းပညာတွေကို မှောင်ခိုဈေးကွက်မှာ အလွယ်တကူ ဝယ်ယူလာနိုင်တဲ့အတွက် iPhone User တွေ အန္တရာယ်ပိုများလာပါတယ်။

Ref : Wired