Xiaomi က Android 16 ကို အခြေခံထားတဲ့ HyperOS 3.0 ကို လာမယ့် စက်တင်ဘာလလောက်မှာ ထုတ်ပေးသွားဖို့ မျှော်လင့်ရပါတယ်။ ဒီ update ဟာ major ဖြစ်ပြီး system တစ်ခုလုံးမှာ အပြောင်းအလဲတွေ အများကြီးနဲ့အတူ သုံးစွဲသူတွေအတွက် software အတွေ့အကြုံ ပိုကောင်းပြီး အသုံးဝင်စေမယ့် feature အသစ်တွေ အစုံအလင်ကို ပါလာမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အားလုံးသိထားတဲ့အတိုင်း Xiaomi က update တွေကို တစ်ကြိမ်တည်း အကုန်ထုတ်ပေးတာမဟုတ်ဘဲ အသုတ်လိုက် ခွဲပြီး ထုတ်ပေးလေ့ရှိပါတယ်။ HyperOS 3 update ကို ပထမဆုံး ရရှိမယ့် ဖုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
HyperOS 3 update ကို ပထမဆုံး ရရှိမယ့် ဖုန်းတွေ
Xiaomi ဘက်ကတော့ HyperOS 3 ထွက်ရှိမယ့် အချိန်စာရင်းကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ စာရင်းကတော့ Xiaomi Time က ပြုစုထားတာ ဖြစ်ပါတယ်။
- Xiaomi 15
- Xiaomi 15 Pro
- Xiaomi 15 Ultra
- Xiaomi 15T Pro
- Xiaomi 14T Pro
- Redmi K80 Ultra
- Redmi K70 Ultra
နောက်ပိုင်း ထွက်ရှိလာမယ့် Xiaomi 16 နဲ့ Xiaomi 16 Pro ဖုန်းတွေကတော့ Android 16 အခြေခံတဲ့ HyperOS 3 တစ်ပါတည်းထည့်ပေးထားမှာ ဖြစ်ပါတယ်။
Xiaomi ဟာ ပုံမှန်အားဖြင့် HyperOS update အကြီးစားတွေကို နောက်ဆုံးထွက် flagship စမတ်ဖုန်းတွေကနေ အရင်ဆုံးစတင်ပြီး ကျန်တဲ့ flagship မော်ဒယ်တွေနဲ့ mid-range ဖုန်းတွေကို တဖြည်းဖြည်း ထုတ်ပေးလေ့ရှိပါတယ်။ ဈေးနှုန်းသက်သာတဲ့ budget ဖုန်းတွေကတော့ update ရဖို့ အချိန်နည်းနည်း ပိုစောင့်ရမှာ ဖြစ်ပါတယ်။
Ref : gizmochina